
ဝါရှင်တန် စက်တင်ဘာ ၁၃
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ယင်းတိုက်ခိုက်မှု အတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သူများအနေဖြင့် လျော်ကြေးရရှိနိုင်ရေးအတွက် ဆော်ဒီအာရေဗျ အစိုးရ အဖွဲ့အား တရားစွဲဆိုနိုင်ရန် ခွင့်ပြုပေးမည့် ဥပဒေကြမ်းတစ်ရပ်ကို သမ္မတဘားရက်အိုဘားမားက ဗီတိုအာဏာ အသုံးပြု၍ ပယ်ချမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ်အန်းနက်က ပြောကြားလိုက်သည်။












