မြောက်ကိုရီးယားနှင့် ညှိနှိုင်းရန် ကြိုးစားနေခြင်းသည် အချိန်ဖြုန်းသည့်သဘော သက်သက်သာ ဖြစ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။
၎င်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ကုလသမဂ္ဂမိန့်ခွန်းတွင် လှောင်ပြောင်ခဲ့သည့် အသုံးအနှုန်းအတိုင်း ထပ်မံခေါ်ဝေါ်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန် အနေဖြင့် မြောက်ကိုရီးယားကို သည်းခံစိတ်ထား ညှိနှိုင်းနေရန် မလိုအပ်တော့ဟု ယူဆကြောင်း မှတ်ချက်ပေးခဲ့သည်။