
နျူကလီးယားလက်နက် ပစ်လွှတ်သည့် ခလုတ်သည် မိမိစားပွဲပေါ်တွင်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန် အနေဖြင့် စစ်ပွဲတစ်ပွဲကို ဘယ်သောအခါမျှ စတင်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောသည်။
ရုပ်သံက ထုတ်လွှင့်သော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန် က အမေရိကန် နိုင်ငံတစ်ခုလုံးသည် မြောက်ကိုရီးယား နျူလက်နက်များ ရောက်ရှိနိုင်သော အကွာအဝေးအတွင်းရှိနေကြောင်း ပြောကြားပြီး ယင်းသည် ခြိမ်းခြောက်မှု မဟုတ်ဘဲ ဧကန်စင်စစ်ဖြစ်ကြောင်း ဆိုသည်။









