ပြန်လည်ပေါင်းစည်းဖို့ မြောက်ကိုရီးယား ကမ်းလှမ်း

Photo: KRT via AP Video

 

တခြားနိုင်ငံတွေ အကူအညီမပါဘဲ တောင်-မြောက်နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းဖို့ အခက်အခဲအတားဆီးတွေ ကျော်လွှားသင့်ပြီလို့ ပြည်တွင်းပြည်ပက ကိုရီးယားအားလုံးအတွက် မြောက်ကိုရီးယား က ပေးပို့တဲ့ ရှားရှားပါးပါး ပါးလိုက်တဲ့ ကြေညာချက်တစ်စောင်မှာ ဖော်ပြလိုက်တယ်လို့ အစိုးရအာဘော် မီဒီယာက ပြောပါတယ်။

တူရကီစစ်တပ်နှင့် ကာ့ဒ်ပြောက်ကျားများ တိုက်ခိုက်နေမှုတွင် အမေရိကန်တပ်များ ကြားညပ်ဖွယ်ရှိနေ

တူရကီ စစ်တပ်နှင့် ကာ့ဒ်ပြောက်ကျားများ၏ တိုက်ပွဲအတွင်း အမေရိကန် တပ်ဖွဲ့ဝင်များ ကြားညပ်မည့် အခြေအနေ ကြုံနေရကြောင်း အမေရိကန် စစ်ဘက်က အတည်ပြု ပြောကြားခဲ့သည်။

ဆီးရီးယား မြောက်ပိုင်းတွင် ယခုသီတင်းပတ် အစောပိုင်းမှစ၍ တူရကီ ခြေလျင်တပ်များ ဝင်ရောက်လာပြီး ကာ့ဒ်ပြောက်ကျားတပ်ဖွဲ့ YPGကို စစ်ခင်း တိုက်ခိုက်လျက် ရှိသည်။ တူရကီ တပ်များက ဆီးရီးယားပိုင် မန်ဘစ်ဂ်ျမြို့ထိ ချီတက်သွားမည်ဟု ကြေညာထားပြီး ထိုမြို့တွင် အမေရိကန်စစ်သည် ရာဂဏန်းမျှ တပ်စွဲထားသည်။

အမေရိကန်လေယာဉ်တင် စစ်သင်္ဘောတစ်စီး ဗီယက်နမ်နိုင်ငံသို့ မတ်လတွင် လာမည်

အမေရိကန်နှင့် ဗီယက်နမ်စစ်ပွဲပြီးကာလအတွင်း ပထမဆုံးအဖြစ် မတ်လတွင် အမေရိကန် လေယာဉ်တင် စစ်သင်္ဘော တစ်စီး ဗီယက်နမ်သို့ လာရောက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ရက်တွင် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ လေယာဉ်တင်စစ် သင်္ဘောပို့ဆောင်ခြင်းက ဗီယက် နမ်စစ်ပွဲအဆုံးသတ်ပြီး နှစ်(၄၀) ကျော်ကြာပြီးနောက် ရန်ဘက် နှစ်နိုင်ငံအကြား စစ်ရေးဆက်ဆံမှု နက်ရှိုင်းခြင်းပြသသော လက္ခဏာဖြစ်သည်။

နှစ်နိုင်ငံ ပူးပေါင်းပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်း တောင်ကိုရီးယားသို့ ရောက်ရှိ

နှစ်နိုင်ငံ ပူးပေါင်း၍ အိုလံပစ် ပြိုင်ပွဲဝင်ရန်အတွက် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်းသည် တောင်ကိုရီးယားသို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

၁၂ ဦး ပါဝင်သော အဖွဲ့သည် တရားဝင် ကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့်အတူ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယား အမျိုးသမီး ဟော်ကီ လက်ရွေးစင်များနှင့် ပူးတွဲ လေ့ကျင့်ကြမည် ဖြစ်သည်။

မုသာဝါဒသတင်း တိုက်ဖျက်ရေး ယူနစ် ဗြိတိန်၌ ဖွဲ့စည်းထူထောင်မည်

လန်ဒန် ဇန်နဝါရီ ၂၄

ကမ္ဘာ့အခြားသော နိုင်ငံများက ပုံဖျက် သတင်းမှားများဖြင့် ထိုးနှက်တိုက်ခိုက်မှု လှုပ်ရှားချက်များကို ရင်ဆိုင်ကျော် လွှားနိုင်စေရေးအတွက် ဗြိတိန်နိုင်ငံ၌ မုသာဝါဒသတင်း တိုက်ဖျက်ရေး ယူနစ်တစ်ခုကို ဖွဲ့စည်းထူထောင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ထရေဇာမေ ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်ကြောင်း ရိုက်တာ သတင်းဌာနက သတင်းထုတ်ပြန် သည်။

သမ္မတသက်တမ်း ထပ်မံတိုးမြှင့်ပါက သူ့ကိုပစ်သတ်ရန် ဒူတာတေး အမိန့်ပေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နောက်ထပ်သမ္မတသက်တမ်း ထပ်မံတိုးမြှင့်မယ်ဆိုရင် သူ့ကိုပစ်သတ်လိုက်ဖို့ စစ်တပ်နဲ့ ရဲတွေကို ညွှန်ကြားခဲ့တယ်လို့ Asia Correspondent သတင်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။

“ကျုပ်ရဲ့ သမ္မတသက်တမ်း ကာလအတွင်းမှာပဲ ထိန်းချုပ်မရဖြစ်လာမယ်၊ အာဏာရှင်တယောက် ဖြစ်လာခဲ့မယ် ဆိုရင် ခင်ဗျားတို့ ကျုပ်ကို ပစ်သတ်လိုက်ပါ” လို့ သူက ပြောလိုက်တာပါ။

တရုတ်အမျိုးသားတစ်ဦး iPhone ဘက်ထရီကို သွားဖြင့်ကိုက်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွား

တရုတ်နိုင်ငံတွင် iPhone ဘက်ထရီ အပိုရှာနေသော အမျိုးသားတစ်ဦးသည် ဘက်ထရီကို သွားဖြင့် ကိုက်ခဲ့ ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားရာ အံ့အားသင့် တုန်လှုပ်ခဲ့ရကြောင်း Taiwan News က ဖော်ပြသည်။

ဇန်နဝါရီ ၁၉ ရက်က ဖြစ်ပွားခဲ့သည်ဆိုသော ယင်းမတော်တဆ ဖုန်းဘက်ထရီ ပေါက်ကွဲသည့် ဗီဒီယိုဖိုင်သည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။

ကဘူးလ်ရှိ ဟိုတယ် စီးနင်းမှုတွင် သေနတ်သမားများက နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထားခဲ့

ကဘူးလ်ရှိ ဟိုတယ်တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည့် သေနတ်သမားများသည် နိုင်ငံခြားသားများကို အဓိကထား သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၀ ညနေပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ အင်တာကွန်တီနန်တယ်လ် ဟိုတယ်ထဲသို့ သေနတ်သမားများ ရုတ်တရက် ဝင်ရောက်လာ ပြီးနောက် တည်းခိုနေသည့် ဧည့်သည်များကို ပစ်ခတ်ခဲ့သည်။ မျက်မြင် တစ်ဦးကမူ သေနတ်သမားများသည် နိုင်ငံခြားသားများ မည်သည့်နေရာတွင် ရှိနေသည်ကို အော်ဟစ် မေးမြန်းခဲ့ကြောင်း ဆိုသည်။

အမေရိကန် မဟာမိတ် ကာ့ဒ်ပြောက်ကျားများကို တိုက်ခိုက်ရန် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စဝင်

အမေရိကန်၏ မဟာမိတ် ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စတင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တူရကီ တောင်ပိုင်း နယ်နိမိတ်နှင့် ထိစပ်နေသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ YPG ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်များကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီက စတင် တိုက်ခိုက်လာခဲ့သည်။ ကနဦး အဆင့်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သလို YPG၏ စစ်ဘက် အခြေစိုက် စခန်းနေရာများကို လေကြောင်းမှပါ ဗုံးကြဲခဲ့သည်။

အသုံးစရိတ်ငွေပြတ်သွားလို့ အမေရိကန် အစိုးရလုပ်ငန်းအများစု ရပ်ဆိုင်း

Photo: Donald J. Trump – twitter

 

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ သောကြာနေ့က အစိုးရ အသုံးစားရိတ် ဘတ်ဂျက်ငွေ ထပ်တိုး ပေးဖို့ သဘောတူညီချက် မရရှိတာကြောင့် ဌာနဆိုင်ရာလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာနဲ့ ပတ်သက်ပြီး ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ နာတာရှည်ရောဂါကြောင့်ဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းမှာ ဆောင်းပါးရှင် လူချမ်း က ရေးသားပါတယ်။