တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာရှိ နာမည်ကျော် ဇုဟန်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
အဲဒီ ဇုဟန်း ဘုန်းတော်ကြီးကျောင်းဟာ ယူနက်စကို အသိမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် တခုဖြစ်ပြီး နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိတယ်လို့ တိဘက်ဒေးလီး သတင်းဌာနက ဆိုပါတယ်။