ပီရူးတွင် တောင်စောင်းပေါ်မှ ဘတ်စ်ကား ပြုတ်ကျမှုကြောင့် ၃၆ ဦးထက်မနည်း သေဆုံး

ပီရူးနိုင်ငံတွင် ဘတ်စ်ကားတစ်စီး တောင်စောင်းပေါ်မှ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၆ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

လီမာမြို့တော် မြောက်ဘက် ပါဆာမာယိုရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ကာဗာဒယ်လ် ဒီယာဘလို လမ်းကွေ့ နေရာတွင် ဘတ်စ်ကားက ချော်ထွက်သွားပြီး အမြင့်ပေ ၃၃၀ မျှထိ လိမ့်ကျသွားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုစကားလုံးသည် မကောင်းဆိုးရွား လမ်းကွေ့ဟု အဓိပ္ပါယ်ရပြီး ပီရူးမှ အပန်းဖြေ ကမ်းခြေတစ်ခုသို့ သွားရသည့် လမ်းပေါ်တွင် တည်ရှိသည်။

ဆန္ဒပြသူများကို သေဒဏ်ပေးမည်ဟု အီရန်အစိုးရခြိမ်းခြောက်၊ ပြင်ပသွေးထိုးမှုများကို ပြစ်တင်ဝေဖန်

တယ်ရန်၊ ဇန်န၀ါရီ ၃

အီရန်နိုင်ငံတစ်ဝန်း၌ဖြစ်ပွားနေသော ဆန္ဒပြပွဲများမှ ဆန္ဒပြသူများကို အီရန်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး စွဲချက်များစွာဖြင့် အမှုဖွင့်ထားသလို အချို့အမှုများတွင် သေဒဏ်အပြစ်ပါပေးနိုင်ကြောင်း အင်္ဂါနေ့က သတိပေး ခြိမ်းခြောက်ခဲ့သည်။

အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာအလီခါမီနီက အီရန်နိုင်ငံ၏ရန်သူများသည် အီရန်ကိုထိုးနှက်တိုက်ခိုက် ရန်အတွက် အခွင့်အလမ်းကောင်းများကို ရှာဖွေနေကြပြီး လွန်ခဲ့သော ကြာသာပတေးနေ့ကတည်းက ဖြစ်ပွားခဲ့ သည့် ဆန္ဒပြပွဲများအတွင်း ပြင်ပသွေးထိုးမှုများပါဝင်နေကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သွားမည်

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မတ်ဒူရို

ဗင်နီဇွဲလားနိုင်ငံမှာ အနိမ့်ဆုံးလုပ်အားခကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်သွားရန် အစိုးရက စီစဉ်နေပြီး ထိုအစီအစဉ် ကြောင့် ယခင်ကတည်းက ငွေကြေးဖောင်းပွမှု ဖြစ်နေတဲ့ အခြေအနေကို ပိုမိုဆိုးရွားစေမယ်လို့ မျှော်လင့် ရပါတယ်။

ဗင်နီဇွဲလားမှာ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေပြီး အစားအသောက်နဲ့ဆေးဝါး ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပါတယ်။ ရေနံဈေးနှုန်းကျဆင်းမှုနဲ့ နိုင်ငံရဲ့ ဘိုလီဗာငွေတန်ဖိုး ထိုးကျနေမှုတွေကြောင့် ဗင်နီဇွဲလားမှာ စီးပွားရေး အကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။

အီရန်၌ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ ၊ ဆန္ဒပြသမား နှင့် ရဲတပ်ဖွဲ့ ဝင် ၈ ဦးထိ သေဆုံးခဲ့ရ

အီရန်နိုင်ငံ၌ Tuiserkan မြို့ ၌ အစိုးရဆန့် ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

 တီဟီရန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် အနည်းဆုံး ဆန္ဒပြသမား ၇ ဦး နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

ကယ်လီဖိုးနီးယားမှာ ဆေးခြောက်ကို တရားဝင် စတင်ရောင်းချ

ဇန်န၀ါရီ ၂

အမေရိကန်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်ကစပြီး ဆေးခြောက်ကို တရားဝင် စတင်ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်းပြည်နယ်မှာတော့ ဆေးခြောက်ကို အပန်းပြေစေဖို့နဲ့ စည်းစိမ်ခံနိုင်ဖို့အတွက် အသုံးပြုနိုင်ဖို့ အထူးခွင့်ပြုချက်ရထားတဲ့ ဆိုင်တွေမှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

နှစ်သစ်တွင် ကင်ဂျုံအန် ခြိမ်းခြောက်

နျူကလီးယားလက်နက် ပစ်လွှတ်သည့် ခလုတ်သည်  မိမိစားပွဲပေါ်တွင်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန် အနေဖြင့် စစ်ပွဲတစ်ပွဲကို ဘယ်သောအခါမျှ စတင်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောသည်။

ရုပ်သံက ထုတ်လွှင့်သော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန် က အမေရိကန် နိုင်ငံတစ်ခုလုံးသည် မြောက်ကိုရီးယား နျူလက်နက်များ ရောက်ရှိနိုင်သော အကွာအဝေးအတွင်းရှိနေကြောင်း ပြောကြားပြီး ယင်းသည် ခြိမ်းခြောက်မှု မဟုတ်ဘဲ ဧကန်စင်စစ်ဖြစ်ကြောင်း ဆိုသည်။

၂၀၁၈ ခုနှစ် မတ်လတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် အီတလီစီစဉ်

ရောမ၊ ဒီဇင်ဘာ ၂၉

အီတလီနိုင်ငံတွင် လာမည့် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲကျင်းပသွားမည်ဟု ဗဟိုလက်ဝဲအစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ဖြစ်သူ ပါအိုလိုဂျန်တီလိုနီက ကြာသာပတေးနေ့၌ ပြောခဲ့သည်။

သမ္မတဆာဂျီယိုမတ်တာရီလာက လက်ရှိပါလီမန်ကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့အပြီး နာရီပိုင်းအကြာတွင် ၀န်ကြီးများကောင်စီက အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်ကို ယခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နယူးယောက် တိုက်ခန်းတွဲ မီးလောင်မှုအတွင်း ၁၂ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် လူနေတိုက်ခန်းတွဲတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ဘရော့န်စ်တွင် ဖြစ်ပွားသော မီးလောင်မှုအတွင်း သေဆုံးသူများအနက် တစ်နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း နယူးယောက် မြို့တော်ဝန် ဘီလ်ဒီ ဘလာစီယိုက အတည်ပြုခဲ့သည်။

မြောက်ကိုရီးယား ရေနံဝယ်ယူနိုင်အောင် တရုတ် ကူညီနေဟု ထရမ့်စွပ်စွဲ

မြောက်ကိုရီးယားကို ရေနံ ဝယ်ယူနိုင်ရန် တရုတ် အစိုးရက အကူအညီ ပေးနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုများကို တုံ့ပြန် အရေးယူသည့် အနေဖြင့် ရေနံဝယ်ယူခွင့်ကို တင်းကျပ်စွာ ပိတ်ဆို့ထားရန် ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့သော်လည်း တရုတ်၏ အကူအညီကြောင့် ယိုပေါက်များ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

မည်သည့်ခြိမ်းခြောက်မှုကိုမဆို အန်တုရင်ဆိုင်နိုင်သော စစ်အင်အား အပြည့်အဝရှိဟု အစ္စရေးဝန်ကြီးချုပ် ပြော

ဂျေရုဆလင် ဒီဇင်ဘာ ၂၈

အစ္စရေးလေတပ်သည် မည်သည့်ခြိမ်းခြောက်မှုကိုမဆို အန်တုရင်ဆိုင်နိုင်သော စစ်အင်အား အပြည့်အဝရှိသည်ဟု ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။