တောင်အာဖရိကမှာ ဆေးခြောက်ကို တစ်ကိုယ်ရည်သုံးစွဲခြင်းနဲ့ စိုက်ပျိုးခြင်းတို့ကို ရာဇ၀တ်မှုမှ ပယ်ဖျက်

ကိတ်တောင်း၊ စက်တင်ဘာ ၁၉

တောင်အာရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေခုံရုံးဟာ ဆေးခြောက်လက်ဝယ်ရှိခြင်း၊ သောက်ရှုခြင်းနဲ့ တစ်သီးပုဂ္ဂလ စိုက်ပျိုးခြင်းတွေကို နိုင်ငံမှာ တားမြစ်ထားတာဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်ဘူးလို့ စက်တင်ဘာ ၁၈ ရက်က စီရင်ထုံး ချမှတ်လိုက်ပါတယ်။

ခုလို ခုံရုံးက ဆုံးဖြတ်ချက် ချမှတ်လိုက်တာကြောင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးခြောက် သုံးစွဲခြင်းဟာ ရာဇ၀တ်မှု မမြောက်တော့ပါဘူး။

ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်ဆန္ဒပြ

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်တဲ့ အနေနဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ဆိုးလ်မြို့မှာ တောင်ကိုရီးယားပြည်သူတွေ ဆန္ဒပြခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ထိပ်သီးဆွေးနွေးပွဲ သတင်းစင်တာရှိရာ ဒေါင်ဒယ်မွန်း ဒီဇိုင်းပလာဇာရှေ့မှာ စုဝေးပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးကြပါတယ်။ အသက် ၅၂ နှစ်အရွယ် ဆန္ဒပြအမျိုးသမီးက မြောက်ကိုရီးယားအနေနဲ့ အခုချိန်မှာ နျူကလီးယားကင်းစင်ရေး လုပ်ဖို့ လိုအပ်နေပြီး တောင်ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေဆီက ငွေညှစ်ဖို့ မလှည့်စားသင့်ဘူးလို့ ပြောသွားပါတယ်။

ထိပ်သီးစည်းဝေးရန် ပြုံယမ်းသို့ ရောက်လာတဲ့ မွန်ဂျေအင်းကို ကင်ဂျုံးအွန် ကြိုဆို

ပြုံယမ်း၊ စက်တင်ဘာ ၁၈

အခုနှစ်အတွင်းမှာပဲ တတိယအကြိမ်မြောက် ထိပ်သီးစည်းဝေးဖို့အတွက် ပြုံယမ်းလေဆိပ်သို့ စက်တင်ဘာ ၁၈ ရက်မှာ ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က လာရောက်ကြိုဆိုခဲ့ပါတယ်။

ဇနီးသည်ကိုယ်စီပါ လိုက်ပါလာတဲ့ ခေါင်းဆောင်နှစ်ဦးဟာ တွေ့ဆုံကြစဉ် ပွေ့ဖက်နှုတ်ဆက်ကြတာကို မြင်တွေ့ရပါတယ်။

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထား ဂျာမနီနိုင်ငံတွင် စတင်ပြေးဆွဲ

ဂျာမနီနိုင်ငံမြောက်ပိုင်း ဘရီမာဗော်ဒီမြို့ ဘူတာရုံအတွင်း ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံးရထား စက်တင်ဘာ ၁၆ ရက်က ခုတ်မောင်းသွားစဉ် (DAVID HECKER/EPA)

 

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထားသည် စက်တင်ဘာ ၁၆ ရက်က ဂျာမနီနိုင်ငံ တွင် စတင်ပြေးဆွဲခဲ့သည်။ ပြင်သစ်ကုမ္ပဏီ Alstom က တည်ဆောက်ခဲ့သော CoradiaiLint အမည်ရှိ ယင်းရထား သည် ဘရီမာဗော်ဒီမြို့ရှိ ဘူတာရုံသို့ ရောက်ရှိခဲ့ပြီး အောက်ဆာဇိုနီ ဒေသ၌ ပုံမှန်ခရီးစဉ် ပြေးဆွဲမည် ဖြစ်သည်။

မန်ကွတ် မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦး အထိရှိ

မနီလာ ၊ စက်တင်ဘာ ၁၈ ရက်

မန်ကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦး ရှိပြီး ၅၂ ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ သတင်းများအရ သိရသည်။

ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်တွင် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်

အမေရိကန်နိုင်ငံ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ကြောင့် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်နယ်နှစ်ခုအတွင်းရှိ မြစ်တွေ ရေလျှံခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။

ဟာရီကိန်း ဖလောရင့်စ်ကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ကစလို့ မြောက်ကယ်ရိုလိုင်းနားမှာ မိုးရေချိန် ၃၆ လက်မအထိ ရွာခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပြောင်းရွှေ့ခဲ့ရပါတယ်။

၂၀၁၉ ဒုက္ခသည်လက်ခံမည့်အရေအတွက် ကန် လျှော့ချ

အမေရိကန် ပြည်ထောင်စုမှာ လာမယ့် ၂၀၁၉ အတွက် ဒုက္ခသည်အရေအတွက် ၃၀ ၀၀၀ ကိုပဲ လက်ခံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္လာနေ့မှာ ကြေညာပါတယ်။ ဒါဟာ Trump အစိုးရအဖွဲ့ အရင် လက်ခံဖို့စီစဉ်ထားတဲ့ အရေအတွက် ၄၅ ၀၀၀ ကနေ လျှော့ချလိုက်တာ ဖြစ်ပါတယ်။

အီသီယိုးပီးယားနှင့် အီထရီးယား နိုင်ငံ ခေါင်းဆောင်များ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုး

ရန်လိုမှုများကို ဖယ်ရှားပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် အီသီယိုးပီးယားနှင့် အီထရီးယားနိုင်ငံ ခေါင်းဆောင်များကြား သဘောတူ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်က ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျက်ဒါးမြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေး စာချုပ်မှု အခမ်းအနားသို့ အီသီယိုးပီးယား ဝန်ကြီးချုပ် အေဘိုင် အာမက်နှင့် အီထရီးယား သမ္မတ အိုင်ဆိုင်စ် အက်ဖ်ဝါကီတို့ တက်ရောက်ခဲ့ကြသည်။

ဒမတ်စကက် လေဆိပ်ကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ဟု ဆီးရီးယား စွပ်စွဲ

ဒမတ်စကက်မြို့တော် လေဆိပ်ကို အစ္စရေးက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယား အစိုးရက စွပ်စွဲ ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အစ္စရေးဖက်မှ ပစ်ခတ်သော ဒုံးကျည်များက ဒမတ်စကက် လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ပြီး မိမိတို့၏ လေကြောင်းကာကွယ်ရေး စနစ်များက ကြားဖြတ် ဟန့်တား ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယား စစ်ဘက်က ထုတ်ပြန်သည်။

ဖိလစ်ပိုင်မှာ သေဆုံးသူ ၅၉ ရှိခဲ့တဲ့ မန်ကွတ်မုန်တိုင်း ဟောင်ကောင်နဲ့ မကာအိုကို ဖြတ်ပြီး တရုတ်သို့ ၀င်ရောက်

ဟောင်ကောင်၊ စက်တင်ဘာ ၁၇

ဖိလစ်ပိုင်မြောက်ပိုင်းမှာ လူ ၅၉ ဦးကို သေဆုံးစေခဲ့တဲ့ မန်ကွတ်မုန်တိုင်းဟာ ဟောင်ကောင်နဲ့ မကာအိုတို့မှာ မွှေ့နှောက်ဖျက်ဆီးပြီးနောက် စက်တင်ဘာ ၁၆ ရက် နောက်ပိုင်းမှာ တရုတ်ပြည်မကြီးဆီ ၀င်ရောက်ပါတယ်။

ယခုနှစ်ရဲ့ ကမ္ဘာ့အကြီးဆုံး တိုင်ဖုန်းမုန်တိုင်း မန်ကွတ်ကြောင့် ဟောင်ကောင်မှာ သစ်ပင်တွေ ပြိုလဲတာ၊ မိုးမျှော်တိုက်တွေ ခါယမ်းတာတွေ ဖြစ်စေပြီး ဒဏ်ရာရသူ ၂၀၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။