
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင် တို့ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရုရှားနိုင်ငံ Vladivostok မြို့မှာ တွေ့ရစဉ်)
Photo: JIJI PRESS / Japan Pool via Jiji Press / AFP

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင် တို့ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရုရှားနိုင်ငံ Vladivostok မြို့မှာ တွေ့ရစဉ်)
Photo: JIJI PRESS / Japan Pool via Jiji Press / AFP

ကမ္ဘာကျော် အွန်လိုင်း ဗီဒီယို ဝေမျှမှု ဝက်ဘ်ဆိုက်ဖြစ်သည့် YouTube နာရီပိုင်းမျှ အသုံးပြု၍ မရဘဲ ဖြစ်သွားခြင်းအတွက် သုံးစွဲသူများက ဝေဖန် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။
Google၏ ဗီဒီယို ဝန်ဆောင်မှု လုပ်ငန်းဖြစ်သော YouTubeသည် အောက်တိုဘာ ၁၆ ရက် ညပိုင်း (မြန်မာစံတော်ချိန်အရ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း)တွင် ဝင်ကြည့်၍ မရတော့သည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။ ယင်းပြဿနာကို ကမ္ဘာအနှံ့တွင် အသုံးပြုသူ အများအပြား ကြုံတွေ့ခဲ့ရသည်။

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၁၈
တူရကီမြို့တော် အစ္စတန်ဘူလ်က ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးမှာ နောက်ဆုံးတွေ့လိုက်ရတဲ့ သတင်းထောက် ဂျာမယ်ခါရှိုဂျီ ပျောက်ဆုံးမှုမှာ တူရကီရဲတွေဟာ ဆော်ဒီ ကောင်စစ်ဝန်ရဲ့ နေအိမ်ကို အောက်တိုဘာ ၁၇ ရက်မှာ စီးနင်းရှာဖွေပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်း ဟုန်ချုံချောင်ကျူ လေဆိပ်မှာ မျက်နှာကို မှတ်တမ်းတင်တဲ့ နည်းပညာသုံးနေပါပြီ။
ခရီးသည်ကိုယ်တိုင် ခရီးဆောင်သေတ္တာ စာရင်းသွင်း၊ လုံခြုံရေး ကင်းရှင်းခွင့်ယူပြီး မျက်နှာမှတ်တမ်းတင်နိုင်ပြီလို့ တရုတ်မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ပေဂျင်းနဲ့ တရုတ်နိုင်ငံ အလယ်ပိုင်း Henan ပြည်နယ် Nanyang လေဆိပ်တွေမှာလည်း ဒီစနစ် ကျင့်သုံးနေပါတယ်။
လုံခြုံရေးစစ်တဲ့အခါ မြန်ဆန်စေဖို့ တရုတ်နိုင်ငံက လေဆိပ်တွေမှာ မျက်နှာကို မှတ်တမ်းတင်တဲ့ နည်းပညာ သုံးနေပေမဲ့ ရှန်ဟိုင်းမှာ ဒီတနင်္လာနေ့ကမှ စတင်ပါတယ်။

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၇
ကျူးဘားနိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အမေရိကန် ကြီးမှူးတဲ့ အစည်းအဝေး ပျက်ပြားအောင် ကုလသမဂ္ဂမှာ အောက်တိုဘာ ၁၆ ရက်က ကျူးဘား သံတမန်တွေဟာ ခုံတွေကိုထုလို့ ကြွေးကြော်သံတွေကို ဟစ်ကြွေးကြပြီး ပွဲဖျက်ကြပါတယ်။

အီရန်က သူ့ရဲ့ သြဇာကြီးတဲ့ IRGC အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ အတူ တိုက်ခိုက်ရာမှာ သုံးဖို့အတွက် ကလေးစစ်သားတွေကို လေ့ကျင့်ပေးနေတဲ့ အီရန်ပြည်သူ့စစ်တွေကို အထောက်အပံ့ ပေးနေတယ်လို့ ဆိုတဲ့ စီးပွါးရေးဆိုင်ရာ ကွန်ယက်အဖွဲ့ကို အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။
Basij Cooperative Foundation လို့ခေါ်တဲ့ ကွန်ယက်အဖွဲ့မှာ အနည်းဆုံးကုမ္ပဏီ ၂၀ လောက် ရှိနေပြီး သူတို့ဟာ အီရန်ရဲ့ ကားလုပ်ငန်း၊ သတ္တုတူးဖေါ်ရေး၊ သတ္တုနဲ့ ဘဏ်လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပတ်သက်နေပြီး သူတို့ဟာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာကို ထိမ်းချုပ်ပြီး ပိုင်ရှင်ဘယ်သူဆိုတာကို ဖုံးကွယ်ထားတယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin ကပြောပါတယ်။

နိုင်ငံခြားငွေကြေး ပြတ်လပ်မှုကြောင့် ဇင်ဘာဘွေနိုင်ငံအတွင်း ဆေးဝါးလုပ်ငန်းမှာ ဆေးတချို့ ရှားပါးနေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ကုန်ကျစရိတ် မြင့်တက်တာကို ဖြည့်တင်းဖို့နဲ့ ဆေးတွေ ပြန်သိုလှောင်နိုင်ဖို့ ဆေးကုမ္ပဏီတချို့က ဆေးဖိုးငွေကို အမေရိကန်ဒေါ်လာနဲ့ ပေးချေဖို့ တောင်းဆိုနေတာပါ။

နှစ်နိုင်ငံ နယ်စပ်တွင် စစ်ရိပ်စစ်ငွေ့ ကင်းစင်ရေးအတွက် တောင်နှင့်မြောက် ကိုရီးယားတို့က ကုလသမဂ္ဂနှင့် ညှိနှိုင်း ဆွေးနွေးမှုများ စတင်နေကြောင်း သိရသည်။
အောက်တိုဘာ ၁၆ ရက်က အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ကိုယ်စားလှယ်များက ကိုရီးယား နှစ်နိုင်ငံနှင့် ပူးပေါင်း၍ ယခုကိစ္စကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်အနီးရှိ ပန်မွန်ဂျောင်မ် ငြိမ်းချမ်းရေး ကျေးရွာတွင် ကိုရီးယား နှစ်နိုင်ငံနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ ဆွေးနွေးကြခြင်းဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယီမင် နိုင်ငံ သမ္မတ Abdrabbuh Mansur Hadi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၁၆ ရက်

Microsoft ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့သူ Paul Allen ဟာ တနင်္လာနေ့က အသက် ၆၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။ ကိုယ်ပိုင်ကွန်ပြူတာလေးတွေဟာ တနေ့ကျရင် မရှိမဖြစ်ပစ္စည်း တခု ဖြစ်လာမယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက ဟောကိန်းထုတ်ခဲ့သူ လည်းဖြစ်ပါတယ်။