
နျူကလီးယားကင်းရှင်းရေးဆိုင်ရာ မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်အတွင်း နယူးယောက်မှာ ပြန်စမှာဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယအကြီးအကဲ Kim Yong Chol နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ စင်္ကာပူမှာ ဇွန်လက တွေ့ဆုံဆွေးနွေးပြီး ကတည်းကဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ် အဆုံးသတ်ရေး တိုးတက်မှုတွေ နှေးကွေးနေတာ လအတော် ကြာနေပါပြီ။









