
အမေရိကန် နယ်ခြားစောင့်တပ်တွေဟာ ဇန်နဝါရီ ၁ ရက်နေ့က မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်က တီဟွာနာမြို့ နယ်စပ်ဂိတ်မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဟန့်တားဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ပါတယ်။
အဲဒါကြောင့်လည်း နယ်စပ်စည်းရိုးနားမှာ ဓာတ်ငွေ့တိမ်တွေ သိပ်သည်းနေတာပါ။
ရွှေ့ပြောင်းနေထိုင်သူတဦးက ဓာတ်ငွေ့ဘူးကို ကောက်ပြီး အမေရိကန်ပိုင်နက်ထဲကို နယ်စပ်ဖြတ် ပြန်ပစ်ထုတ်နေတာကိုလည်း တွေ့ရပါတယ်။









