ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများက နိုင်ငံပိုင်အသံလွှင့်ဌာနကို သိမ်းပိုက်၍ နိုင်ငံတော်ကောင်စီ ထူထောင်ကြောင်း ကြေညာ

ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများက နိုင်ငံပိုင်အသံလွှင့်ဌာနကို သိမ်းပိုက်ပြီးနောက် စစ်အာဏာသိမ်းကြောင်းကြေညာနေစဉ် (ဓါတ်ပုံ-အင်တာနက်)

လီဘရီဗယ်လီ၊ ဇန်နဝါရီ ၇ ရက်

ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများသည် ဇန်နဝါရီ ၇ ရက် အစောပိုင်းတွင် နိုင်ငံပိုင် အသံလွှင့်ဌာနအား သိမ်းပိုက်ပြီး နိုင်ငံတော်ကောင်စီ တစ်ရပ် ထူထောင်ကြောင်း ကြေညာခဲ့သည်ကို ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Yong Kim နုတ်ထွက်

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ဟာ အဖွဲ့ကို ၆ နှစ်ကြာ ဦးဆောင်ခဲ့ပြီးတဲ့နောက် ရာထူးက နုတ်ထွက်မယ့် အကြောင်း တနင်္လာနေ့က ရုတ်တရက် ကြေညာလိုက်ပါတယ်။

သူ့ရဲ့ တရားဝင်သက်တမ်း မကုန်ဆုံးခင် နှစ်အတန်ကြာအလိုမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ရာထူးက နားယူတော့မယ်အကြောင်း အမေရိကန်နိုင်ငံသားဖြစ်သူ Jim Yong Kim က ကြေညာလိုက်တာပါ။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့မယ့်နေရာ ညှိနှိုင်းနေကြောင်း သမ္မတ Trump

သမ္မတ Trump နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တို့ ဇွန်လ ၂၀၁၈ တုန်းက တွေ့ဆုံစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ဘယ်မှာ လုပ်မလဲဆိုတာကို ညှိနှိုင်းနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းအရာရှိ ကီဗင်ဆွီနေး ရာထူးမှ နုတ်ထွက်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ် ရာထူးမှ နုတ်ထွက်ပြီး တစ်လအကြာတွင် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိချုပ် ကီဗင်ဆွီနေး ရာထူးမှ နုတ်ထွက်ခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍသို့ ပြန်သွားရန် အချိန်ကျပြီဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဆွီနေးက ထုတ်ပြန်ချက်တွင် ပြောသည်။
ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်း မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ကြေညာပြီးနောက်ပိုင်း ဆွီနေးသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသည့် ပင်တဂွန် စစ်ဌာနချုပ် ထိပ်တန်းတာဝန်ရှိ တတိယမြောက် ပုဂ္ဂိုလ်ဖြစ်သည်။

နယူးယောက်၌ အနိမ့်ဆုံးလုပ်ခလစာကို တစ်နာရီ ၁၅ ဒေါ်လာတိုးမြှင့်

နယူးယောက် ဇန်နဝါရီ ၆

ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်သည့် ကြိုးပမ်းမှုတစ်ခုအနေဖြင့် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ၂ဝ၁၉ ခုနှစ်အတွက် အနိမ့်ဆုံးလုပ်ခ လစာကို တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာသို့ တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် အလုပ်သမား သပိတ်ဆင်နွှဲရန် ပြင်ဆင်

ဟန်ဂေရီနိုင်ငံအတွင်းရှိ အလုပ်သမားသမဂ္ဂများသည် အစိုးရဘက်မှ အလုပ်သမားဥပေဒသစ်ကို ပြင်ဆင်မည့် အရိပ်အယောင် မပြခြင်းကြောင့် တစ်နိုင်ငံလုံးတွင် အလုပ်သမားသပိတ် ဆင်နွှဲရန်နှိုးဆော်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

ဟန်ဂေရီအစိုးရကစတင်ကျင့်သုံးတော့မည့် အလုပ်သမားဥပဒေသစ်ကြောင့် အလုပ်သမားများသည် တစ်နှစ်လျှင် အချိန်ပို အလုပ်ချိန် နာရီ ၄၀၀ အထိ လုပ်ပေးရနိုင်သော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရခြင်းကို မကျေနပ် သောကြောင့် အလုပ်သမားများက ပြီးခဲ့သည့်လအတွင်းကတည်းက သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီမှာ အမျိုးသမီးတွေဘက်ကစပြီး အိမ်ထောင်ကွာရှင်းခွင့်ပြု

ဆော်ဒီအာရေဗီရ နိုင်ငံမှာ အရင်တုန်းကလို မဟုတ်တော့ပဲ၊ လင်ယောက်ျားတွေက ကိုယ့်ဇနီးမယားကို အသိပေးပြီးမှ လင်မယားကွာရှင်း ပြတ်စဲခွင့်ရှိမယ့် အခွင့်အရေးတရပ်ကို ဆော်ဒီအိမ်ထောင်ရှင် အမျိုးသမီးတွေ ရလိုက်ပြီဖြစ်ပါတယ်။ ကွာရှင်းလိုတဲ့ အိမ်ထောင်ရှင်အမျိုးသားဟာ ကိုယ့်ဇနီးသည်ကို text message ပို့ပြီး အကြောင်းကြားထားတယ် ဆိုတဲ့ သက်သေအထောက် အထားကို တရားရုံးမှာ တင်ပြရမှာဖြစ်တယ်လို့ တနင်္ဂနွေနေ့ တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ကျား/မ တန်းတူအခွင့်းအရေးရရှိရန် အမျိုးသမီး သုံးသန်းခန့် ပါဝင်ဆန္ဒပြမှုကြောင့် အိန္ဒိယအာဏာရပါတီ အခက်ကြုံ

အိန္ဒိယနိုင်ငံအတွင်း၌ ကျား/မ တန်းတူအခွင့်အရေး ရရှိရန်အတွက် အမျိုးသမီး သုံးသန်းခန့် ပါဝင်သော ဆန္ဒပြမှု ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းကြောင့် အိန္ဒိယအာဏာရပါတီဖြစ်သော BJP နှင့် အိန္ဒိယအစိုးရအနေဖြင့် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။

ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းသွားမည်ဟု တရုတ်သမ္မတ ပြော

ထိုင်ဝမ်ကို တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်စေဖို့ လိုအပ်ရင် အင်အားအသုံးပြုသွားမှာ ဖြစ်ပေမယ့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းသွားမယ်လို့ တရုတ်သမ္မတက ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်ရဲ့ ထိရှအလွယ်ဆုံး အရေးကိစ္စဖြစ်ပြီး တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို တရုတ် အချုပ်အခြာပိုင် နယ်မြေအဖြစ် ပြောဆိုထားပါတယ်။

နိုင်ငံတွင်း တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်မည်ဟု ဘရာဇီးသမ္မတသစ် ပြော

ဘရာဇီးသမ္မတသစ် ဂျာရီ ဘိုဆိုနာရိုက နိုင်ငံအတွင်း တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်မယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

သမ္မတသစ် ဘိုဆိုနာရိုက အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှုနဲ့ စီးပွားရေး စီမံခန့်ခွဲမှု လွဲမှားတာတွေကို ဖြေရှင်းသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

စစ်ဘက် ဗိုလ်ကြီးဟောင်းတဦးဖြစ်တဲ့ ဘိုဆိုနာရိုက ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရာထူးလက်ခံပွဲ အခမ်းအနားမှာ ပြောကြားပါတယ်။