
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ တွေ့ဆုံကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ နျူကလီးယားအရေး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆွေးနွေးပွဲတွေအတွင်း မြောက်ကိုရီးယားဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့တယ်၊ ပိုကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်မှာ တရုတ်အစိုးရရဲ့ အဓိကအခန်းကဏ္ဍကို ထပ်ပြီး တောင်းဆိုခဲ့တယ်လို့ မဟာမိတ် ၂ နိုင်ငံလုံးရဲ့ အစိုးရမီဒီယာတွေက ဇန်နဝါရီ ၉ ရက်မှာ ဖော်ပြကြပါတယ်။









