အမေရိကန်သမ္မတ Donald Trump က သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်အကြား ပုဂ္ဂိုလ်ရေးအရ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း တနင်္လာနေ့မှာ ထပ်လောင်း ပြောကြားလိုက်ပြီး အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အမေရိကန် လယ်သမားတွေအနေနဲ့လည်း သူတို့ရဲ့ ထွက်ကုန်တွေကို တရုတ်နိုင်ငံကို ချက်ခြင်း ရောင်းချနိုင်မယ်လို့ ပြောပါတယ်။
ရုရှားက ခရိုင်းမီးယားဒေသတွင် ဝေဟင်ပစ်ဒုံးကျည်စနစ် ဖြန့်ကြက်
ရုရှားဟာ နိုဝင်ဘာ ၂၉ ရက်နေ့က ခရိုင်းမီးယားဒေသမှာ S-400 ဝေဟင်ပစ်ဒုံးကျည်စနစ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။ ရုရှားလေတပ် ဒုတိယဗိုလ်ချုပ်ကြီးက ဖြန့်ကြက်ထားတဲ့ ဒုံးကျည်တွေဟာ ပစ်မှတ်ရဲ့ အမြင့်နဲ့ အမြန်နှုန်းကို ထည့်တွက်စရာမလိုဘဲ ဝေဟင်ကာကွယ်ရေး လုပ်ဆောင်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။
သူက အဲဒီဒုံးကျည်စနစ်ဟာ အမြင့် ကီလိုမီတာ ၃၀ မှာ အမြန်နှုန်း တနာရီ ကီလိုမီတာ ၂,၇၀၀ နဲ့ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကျောင်းသားတဦးကို သတ်ဖြတ်မှုဖြင့် ဖိလစ်ပိုင်ရဲဝန်ထမ်း ၃ ဦးကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်
အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတဦးကို သတ်ဖြတ်မှုနဲ့ ရဲဝန်ထမ်း ၃ ဦးကို ပြစ်မှု ထင်ရှားကြောင်း ဖိလစ်ပိုင်တရားရုံးက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ သမ္မတ ဒူတာတေးလက်ထက် မူးယစ်တိုက်ဖျက် စစ်ဆင်ရေးအတွင်း ပထမဆုံးအကြိမ် ပြစ်ဒဏ်စီရင်တာပဲ ဖြစ်ပါတယ်။
ဂျော်ဂျီယာတွင် ပထမဦးဆုံးအမျိုးသမီးသမ္မတရွေးကောက်တင်မြှောက်
ဂျော်ဂျီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် Salome Zurabishvili သည် အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည်ဟု သိရသည်။ ပြင်သစ်နိုင်ငံဖွား သံသမန်ဟောင်း တစ်ဦဖြစ်သူ မစ္စ Zurabishvili သည် ထောက်ခံမဲ ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ဖြစ်ပြီး သူမ၏ ပြိုင်ဘက်ဖြစ်သူ Grigol Vash-adze သည် ထောက်ခံမဲ ရာခိုင်နှုန်း ၄၀ ရရှိခဲ့ခြင်းဖြစ်သည်။
Trump နဲ့ Putin သီးခြားတွေ့ဆုံမယ့် အစီအစဉ် ဖျက်သိမ်း
အမေရိကန်သမ္မတ Donald Trump အနေနဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ G20 စီးပွားရေး အင်အားကြီးနိုင်ငံများထိပ်သီးပွဲ ပြင်ပမှာ တွေ့ဖို့ အရင်ပြင်ထားတာကို ရုတ်တရက် ဖျက်သိမ်းပစ်လိုက်ပါတယ်။
ရုရှားအနေနဲ့ တနင်္ဂနွေနေ့တုန်းက ယူကရိန်း သဘောနဲ့ သဘောင်္သားတွေကို ဖမ်းခဲ့အပြီး၊ ခုချိန်ထိ ပြန်မလွှတ်ပေးခဲ့တာအတွက်၊ စနေနေ့မှာ သမ္မတ Putin နဲ့တွေ့ဖို့ အရင်စီစဉ်ထားတာကို သမ္မတ Trump ဖက်က ဖျက်သိမ်းလိုက်တာပါ။
အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်များကြောင့် Huawei ပစ္စည်းများအသုံးပြုခြင်းကို နယူးဇီလန် ပိတ်ပင်တားမြစ်
အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် Huawei ကုမ္ပဏီထုတ် ဆက်သွယ်ရေးပစ္စည်းများ အသုံးပြုမှုကို နယူးဇီလန်နိုင်ငံက ပိတ်ပင်တားမြစ်သွားဖြစ်ကြောင်း သိရသည်။ ယင်းသို့ Huawei ကုမ္ပဏီထုတ် ဆက်သွယ်ရေးပစ္စည်းများကို ပိတ်ပင်တားမြစ်သည့်နိုင်ငံများအနက် နယူးဇီလန်သည် နောက်ဆုံးနိုင်ငံ ဖြစ်လာသည်ဟု သိရသည်။
မလေးရှားက ဘုရားကျောင်း ပြဿနာ ၂၁ ဦး ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်မှာ ကုမ္ပဏီတခုပိုင်မြေပေါ်က အိန္ဒိယဘုရားကျောင်းပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်လို့ ဆူပူရမ်းကားအကြမ်းဖက်တဲ့ လူ ၂၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
တနင်္လာနေ့မနက်က၊ ဆီလမ်ဂေါပြည်နယ်အလယ်ပိုင်း ဂျာယမြို့နယ်မှာရှိတဲ့ သီရိမဟာ မာရီယမ်မန်း ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေတဲ့ အိန္ဒိယလူမျိုးတွေကို လူအုပ်စုတစုက ဝင်ရောက် တိုက်ခိုက်ပြီး၊ ကားတွေကို မီးရှို့လိုက်ပါတယ်။ အဲဒီကျောင်းကို One City Development ကုမ္ပဏီက ပိုင်တယ် လို့ဆိုပါတယ်။
ရုရှားကဖမ်းထားတဲ့ ယူကရိန်းသင်္ဘောသားတချို့ကို ထောင်ဒဏ်အပြစ်ပေး
ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တနင်္ဂနွေနေ့တုန်းက ပင်လယ်နက်ထဲမှာ ရုရှားရေတပ်ကနေ ဖမ်းဆီးခဲ့တဲ့ ယူကရိမ်း သင်္ဘောသား ၂၄ဦးထဲက ၁၂ ဦးကို ၂လဖမ်းဆီးထားဖို့ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသက တရားရုံးတခုကနေ အမိန့်ချ မှတ်လိုက်ပါတယ်။
ယူကရိမ်းရေတပ်သင်္ဘောသုံးစီးမှာပါလာတဲ့ သင်္ဘောသားတွေဟာ ရုရှားရေပိုင်နက်ထဲကို တရားမ၀င် ၀င်ရောက်ခဲ့ကြပြီး ရုရှားနယ်ခြားစောင့်တပ်တွေရဲ့သတိပေးချက်ကိုလည်း ဂရုမစိုက်ခဲ့ကြဘူး လို့ ရုရှားဘက်က စွပ်စွဲပါတယ်။
ခရစ်ယာန်သင်းအုပ်ဘုန်းတော်ကြီးများအား ရိုးဖြောင့်မှုမရှိဟု ဖိလစ်ပိုင်သမ္မတ ဝေဖန်
ဖိလစ်ပိုင် သမ္မတဒူတာတီသည် နိုင်ငံအတွင်းရှိ ခရစ်ယာန်ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းများတွင် ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များ ပြုလုပ်လျက်ရှိသော သင်းအုပ် ဘုန်းတော်ကြီးများအား ရိုးဖြောင့်မှု မရှိဟု ဝေဖန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ကိုရီးယားရိုးရာအားကစားနည်းအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်မည်
Photo: KIM JAE-HWAN / AFP
ကိုရီးယားကျွန်းဆွယ်တွင် ရှေးအစဉ်အဆက်ကတည်းက ယှဉ်ပြိုင်ကစားခဲ့သော ရိုးရာနပန်းအားကစားတစ်ခုအား ယူနက်စကို၏ ကမ္ဘ့ာယဉ်ကျေးမှုအမွေအနှစ်များ စာရင်းအတွင်းသို့ ထွည့်သွင်း မည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။
ယူနစ်ကိုအဖွဲ့သည် သမိုင်းဝင်နေရာများနှင့် သမိုင်းဝင်အဆောက်အအုံများ၊ သဘာဝအလှတရားများကို ကမ္ဘ့ာယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွင်းသို့ ထည့်သွင်းကာ ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည်။