
ကရာကက် ဇန်နဝါရီ ၁၅
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုသည် ငွေကြေးအလွန်အမင်းဖောင်းပွမှုကို ကိုင် တွယ်ဆောင်ရွက်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ စီမံချက်အသစ် တစ်ရပ်ကို အဆိုပြုခဲ့ကြောင်း သိရသည်။ သို့သော် ယင်းစီမံချက်များမှာ ခက်ခဲနိုင် ဖွယ်ရှိကြောင်း ကျွမ်းကျင်သူအချို့က မှတ်ချက်ချခဲ့ကြသည်။









