
Commercial Flight များ ဆင်း သက်မှု ပြန်လည်စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ် အား ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ်အား လာမည့် ဇူလိုင် ၆ ရက်မှစတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ များတွင် တစ်ပတ်တစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။













