ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကျင်းပ

ဇွန် ၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်သမားများကြောင့် ကျဆုံးကွယ်လွန်သွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများကို သတိရအောက်မေ့ခြင်းအနေဖြင့်     ၂ မိနစ် ငြိမ်သက်ခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဧပြီ လကုန်ပိုင်းမှစတင်၍ မြန်မာအလုပ်သမား ၉၀၀ နီးပါးခန့် ရောက်ရှိလာပြီးဖြစ်

တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန် မာအလုပ်သမား ၈၈၀ ဦးသည် ဧပြီ ၂၈ ရက်မှ ဇွန် ၇ ရက်အတွင်း ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရမှ နိုင်ငံအတွင်း ကိုဗစ်(၁၉)ရောဂါပြန့်ပွားခြင်းအား ကာကွယ်ထိန်း ချုပ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ဇွန် ၁ ရက်မှစတင်၍ ပြည်ဝင်ခွင့်အား ပိတ်ပင်ထားခဲ့သည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈) ဦး တွေ့ရှိ

(၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၄၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ရှိပါသည်။

ငြိမ်းခ်မ်းရေး ဆြေးနြေးရေးအဖြဲ့နွင့် NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ္စားလွယ်အဖြဲ့တို့ တြေ့ဆုံဆြေးနြေး

 နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။

ဇွန် ၅ ရက်က နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ အမျိးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်း မတွင် ပထမနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၁၀၂ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်ရှိနေ

၂၀၂၂ ခုနှစ် ဇွန်၂ ရက်တွင် ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း ၁၀၂ ပွိုင့်ဝန်းကျင် ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်ရှိနေကြောင်း  နိုင်ငံခြားငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကိုထောက်ခံကြိုဆိုကြောင်းပိုစတာစိုက်ထူ

မြစ်ကြီးနား မေ ၃၀

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံကြောင်း “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့” စာတမ်းပါမြေစိုက်ပိုစတာ အား ဒီကနေ့ မနက်ပိုင်းကကချင်ပြည်နယ် ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌စိုက်ထူခဲ့ကြောင်းသိရပါသည်။


ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေသော ကျောင်းသူအား ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပညာသင်စရိတ် ထောက်ပံ့

မေ ၃၀၊ ပဲခူး

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၃၀-၅-၂၀၂၂ ရက်နေ့တွင် ပညာဆက်လက်သင်ကြားရန်အခက်အခဲဖြစ်နေသော ကျောင်းသူတစ်ဦးအား ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းကို မြို့နယ်ပါတီရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာသို့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ပါတီအမှုဆောင်များ တွေ့ဆုံပွဲ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျင်းပ

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်များတွေ့ဆုံပွဲကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဒက္ခိဏသီရိမြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင် ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးလှဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ အလုပ်အမှုဆောင်များ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီးဒေါ်စိုးဝတ်ရည် နိုင်ငံတော်သြဝါဒစရိယ ရွှေသုဝဏ်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

မေ ၂၉၊ ရန်ကုန်

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာ ရာမရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ် မြတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်(စနေနေ့)နံနက် ၁ နာရီ ၄၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာ စာသင်ကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

မေ ၂၉၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၉-၅-၂၀၂၂ ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ စာသင်ကျောင်းအား ကျောင်းတွင်းကျောင်းပြင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ရာသို့ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဖိုးသိန်း၊ ဦးကျော်ကျော်လတ်နှင့် ဇေယျာသီရိမြို့နယ်မှ မြို့နယ်ကော်မတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။