ထိုင်းနိုင်ငံ ပရာ့ကျွတ်ခရိုင် ထပ်စတယ်မြို့နှင့် မောင်မြို့ နေရာနှစ်ခုတွင် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာအလုပ်သမား ၉၂ ဦးကို ယမန်နေ့ (ဇွန် ၂၀ ရက်)တွင် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများကဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များသည် အဆိုပါမြို့နယ်နှစ်ခုအတွင်းရှိ ဟွေ့ဆိုင်ကျေးရွာ နှင့် ဟွေ့ယမ် ကျေးရွာများကို စောင့်ကြပ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ မြန်မာအလုပ်သမားများနှင့် ထိုင်းပွဲစားတစ်ဉီးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက် Migrant Times သတင်းဌာနက ဖော်ပြထားသည်။