မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoUလုပ်သား ဇူလိုင်၁၂ ရက်နေ့က(၇၅၁)ဦး စေလွှတ်နိုင်ခဲ့ပြီး( ၂) လအတွင် မြဝတီ-မဲဆောက်လမ်းနှင့် ကော့သောင်း-ရနောင်းလမ်းကြောင်းတို့မှ တရားဝင်လုပ်သား ၁၅၀၀၀ ခန့် ထွက်ခွာပြီးဖြစ်ကြောင်းသိရသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများဖြစ်သည့် နှင်းဦးဝေ၊New Covenant၊ရွှေပြည်ငြိမ်း၊ ငွေကြယ်စင်ဟိန်း ကုမ္ပဏီများမှ လုပ်သား (၇၅၁) ဦးကို ဇူလိုင် လ ၁၂ ရက်နေ့တွင် မြန်မာထိုင်း ချစ်ကြည်ရေးအမှတ် (၂) တံတားမှတဆင့် စေလွှတ်ခဲ့ကြောင်း သိရသည်။