
ရန်ကုန်တွင် စံချိန်တင်အဖြစ် ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ် လာပြီး ယခင်စျေးနှုန်းများထက် ပျမ်းမျှ ကျပ် ၇၀ ကျော်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။သြဂုတ် ၃၀ ရက်တွင် ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၅၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။








