
Kpay အကောင့်များ ယာယီအသုံးပြုမှု တားမြစ်ခြင်းများလုပ်ဆောင်လျက်ရှိပြီး မှားယွင်းစွာ အသုံးပြုခွင့် တားမြစ်ခံရသည့် အကောင့်ပိုင်ရှင်များအနေဖြင့် ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း KBZpay မှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်း၏ ညွှန်ကြားချက်အရ Kpay အကောင့်အ ချို့အား ယာယီ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီး Kpay အသုံး ပြုသူများအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့သည့်အ တွက် တောင်းပန်ကြောင်းလည်း Kpay က ဆိုသည်။









