သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေဒင်္ဂါးပြားများကို သိန်း ၃၀ ဝန်းကျင်ဖြင့် နေပြည်တော်ရှိ ကျောက်မျက်ရတနာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
စက်တင်ဘာ ၅ ရက် မှ စတင်ရောင်းချပေးလျက်ရှိပြီး တစ်ကျပ်သားဒင်္ဂါးကို ၂၉၅၀၀၀၀ ကျပ်စျေးဖြင့် ရောင်းချပေးပြီး မနက်ဖြန် (စက်တင်ဘာ ၆ ရက်)မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတို့တွင်လည်း တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား ရွှေဒင်္ဂါးများကို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။