မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးသူများ၊အသက်(၁၀)နှစ်ပြည့်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများသည် သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် သွားရောက်၍ ဖြေရှင်းပြုလုပ်ရမည်ဖြစ်ကာ ပန်းခင်းစီမံချက်များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်ပြီးသော်လည်း သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရမည်ဖြစ်သည်။ အလားတူ မှတ်ပုံတင်တွင်ပါရှိသည့် အချက်အလက်များ ကွဲလွဲပါက သက်ဆိုင်ရာမြို့နယ် လဝက ရုံးများ၌ သွားရောက်ပြင်ဆင်ရမည်ဖြစ်သည်။