အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့၏ ကိုယ်စားလှယ် အဖွဲ့များ သည် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့ကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (DPN) တို့၏ (၆)ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို ဩဂုတ်လက ပြုလုပ်ပြီးနောက် နှစ်လကျော်အ ကြာတွင် (၇)ကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီခဲ့သည်။
Woodside က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများတွင် နောက်ဆုတ်ခြင်းမရှိဟု ကုမ္ပဏီ ပြန်ကြားရေး တာဝန်ရှိသူပြော
သြစတြေးလျရေနံကုမ္ပဏီ Woodside သည် မြန်မာနိုင်ငံ၏ရေနံနှင့် သဘာဝဓာတ်ငွေ့တူး ဖော်ရေးလုပ်ငန်းများ တွင် နောက်ဆုတ်ခြင်းမရှိကြောင်း ယင်းကုမ္ပဏီ အကြီးတန်းမီဒီယာ အကြံပေး Christine Forster က ပြောကြားသည်။ Woodside ကုမ္ပဏီသည် ရခိုင်မြောက်ပိုင်းရှိ AD-7 လုပ်ကွက်ကို တင်ဒါပယ်ဖျက်ကြောင်း၊ ရိုက်တာ သတင်းဖော်ပြချက်အပေါ် ကုမ္ပဏီဘက်က အထက်ပါ အတိုင်း ပြန်လည်ရှင်းလင်းဖြေ ကြားသည်။
တရားမဝင် လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များ အမြန်ဆုံး လာရောက် အပ်နှံရန် ပြည်ထဲရေးအသိပေး
တရားမဝင်လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များကို နီးစပ်ရာ တပ်၊ ရဲစခန်း၊ ရဲတပ်ဖွဲ့မှူးရုံးများ သို့ အမြန်ဆုံးလာရောက်အပ်နှံကြ ရန် နိုင်ငံပိုင်ရုပ်သံက ယမန်နေ့ည ၈ နာရီတွင် ထုတ်ပြန်ကြေညာသည်။ လာရောက်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ် ရရှိပါက တရားဥပ ဒေနှင့်အညီ အရေးယူမည်ဟုပြည် ထဲရေးဝန်ကြီးဌာနက အသိပေး ကြေညာခြင်းဖြစ်သည်။
မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းကို ကန်နိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ရက်ဇ် တေလာဆင်က ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ် ခေါင်းဆောင်တွေမှာ တာဝန် ရှိတယ်လို့လည်း ဝန်ကြီး တေလာဆင်က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။
သီပေါတွင် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပေး ရှင်းလင်းပွဲသို့ ပြည်နယ် ခရိုင် မြို့နယ်ပါတီမှ တက်ရောက်
သီပေါမြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပေး ရှင်းလင်းခြင်းနှင့် ဆွေးနွေးခြင်းကို ၁၆.၁၀.၂၀၁၇ နံနက် ( ၁၀း၀၀) နာရီအချိန်က မြို့နယ် ထွေ/အုပ် ခန်းမ ၌ ကျင်းပခဲ့ပါသည်။

အန္တိမအဂ္ဂိ ဈာပနပွဲ ကျင်းပနိုင်ရေးအတွက် လျှောက်ထားပြီး လိုအပ်သည်များ လှူဒါန်းဆက်ကပ်


(မြစ်ကြီးနား)
ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးတို့ မြစ်ကြီးနားမြို့သို့ရောက်ရှိ


မြစ်ကြီးနား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်၊ ဗဟိုအလုပ်အမှူဆောင် ဦးမြင့်စိုးတိုသည် ယမန်နေ့နံနက် (၁၁း၂၀) နာရီအချိန်ခန့်တွင် လေ ကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့သို့ရောက်ရှိလာရာ ပြည်နယ်အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ပြည်နယ်/ခရိုင်/// မြို့နယ်နှင့် ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များက လေဆိပ်၌ ကြိုဆိုနှုတ် ဆက် ခဲ့ကြပါသည်။
Crd;
ရှေးဟောင်းသမိုင်းဝင် ပင်းတယရွှေဥမှင် စေတီတော်အား ဖူးမျှော်ကြည်ညိုပြီး အလှူငွေပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်


တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမှင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ စေတီတော်ဂေါပကအဖွဲ့အား ရှေ့ဟောင်သမိုင်းဝင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ စေတီတော်ဂေါပကအဖွဲ့မှ ပေးအပ်သော ရွှေဥမှင်အမှတ်တရ ဓာတ်ပုံအားလက်ခံရယူခဲ့သည်။
တယ်ပင် ဝါတရာ ရှောက်ပင်ကျေးရွာများမှ ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက် အားပေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ပင်းတယမြို့နယ် တယ်ပင်ကျေးရွာ ဝါတရာကျေးရွာ ရှောက်ပင်ကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု ဆင်လည်ကျေးရွာ၊ ငှက်ပျောကျေးရွာ များ ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက် အားပေး
ရှမ်းပြည်နယ် တောင်ပိုင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ယနေ့ နံနက် ၁ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု ဆင်လည်ကျေးရွာ၊ ငှက်ပျောကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။



