မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန် လွှတ်တော် အမတ်တွေက တိုက်တွန်းလိုက ကြပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့် တားမြစ်တာလို ဒဏ်ခတ်မှုမျိုးတွေ ပြန်လည် ကျင့်သုံးဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို အောက်လွှတ်တော်အမတ် ၄၀ ကျော်က လက်မှတ်ရေးထိုး တိုက်တွန်းခဲ့ကြကြောင်း Reuter သတင်းမှာ ဖော်ပြထားတာပါ။
ရန်ကုန်စည်ပင်ကော်မတီ ရွေးချယ်တင်မြှောက်ပြီးပါက ဌာနသုံးခုကလွဲ၍ စည်ပင်ဌာနအားလုံးကို ဖျက်သိမ်းမည်ဟုဆို
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပြီးပါက စည်ပင်သာယာရေးဌာန သုံးခုကလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ မူကြမ်း စိစစ်ရေးကော်မတီဝင် ဦးလှဌေးက ပြောသည်။
ကော်မတီတွင် စီးပွားရေး နှင့် စီမံခန့်ခွဲရေးဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန သုံးခုမှလွဲ၍ ကျန်ဌာနများကို ဖျက်သိမ်းကာ ယင်းဖျက်သိမ်း ဌာနများ၏ လုပ်ငန်းဆိုင်ရာများကို အသစ်ရွေးချယ်ခံရသည့် စည်ပင်သာယာရေး ကော်မတီဝင်များက အုပ်ချုပ်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။
သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ စာအုပ်များ လှူဒါန်း


သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဇော်အောင်နှင့် လူငယ်ပါတီဝင်များ သံတွဲမြို့နယ် ကညင်ကွင်းကျေးရွာအုပ်စု မျှားချောင်း ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စတုတ္ထတန်းမှ သတ္တမတန်းထိ ကျောင်းသား/သူ (၅၆) ဦးအတွက် (ဓမ္မကျောင်း တော်) အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ အပိုင် (၁) စာအုပ် (၅၆) အုပ်နှင့် ကျောင်းစာကြည့်တိုက်အတွက် မဂ္ဂဇင်းနှင့် သုတရသစာအုပ် (၂၃) အုပ်၊ ဂျာနယ် (၅၈) စောင်တို့အား ဥက္ကဌနှင့် လူငယ်ပါတီဝင်များမှ ၂၀.၁၀.၂၀၁၇ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် သွားရောက်လှူဒါန်းရာ ကျောင်းအုပ်ကြီး နှင့် ကျောင်းသား/ သူများမှ လက်ခံရယူကြပါသည်။
မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ “မြတ်မေတ္တာ” ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းအတွက် အလှူငွေလှူဒါန်း


မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးကျော်ကျော်လွင် ၊ မြို့နယ် အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ကမာဝက်မြို့ ရှမ်းစုရပ်ရှိ အောင်တော်မူကျောင်းထိုင်ဆရာတော်မှ ဦးစီးဦးဆောင် တည်ထောင် ထားသည့် ” မြတ်မေတ္တာ” ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းအတွက် ငွေပဒေသာပင် (၁) သိန်းကျပ်ကို ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လုပ်ငန်း အစည်းအဝေးကျင်းပ
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ ကော်မတီအစည်အဝေးကို ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ မွန်ပြည်နယ် ၁၀ မြို့ နယ်၊ ခရိုင် ၂ ခရိုင်မှလူငယ်ရေးရာ တာဝန်ခံများ တက်ရောက်ကြကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား စဥ့်ကိုင်ပြည်ခိုင်ဖြိုးမှ ထောက်ပံ့လှူဒါန်း


(၁၉.၁၀.၂၀၁၇) ရက်နေ့တွင် ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များ သည် ပန်းလောင်မြစ်ရေ ဝင်ရောက်သော ထန်းတောရွာ၊ ဝန်ပတေ့တောင်ရွာ၊ ဝန်ပတေ့မြောက်ရွာ၊ အုန်းလက္ကောက်ရွာ၊ ရွှေလှန်တောင်ရွာများရှိ ရေဘေးသင့်ပြည်သူများ ထံသို့ သွားရောက်ပြီး အိမ်ခြေ (၉၀၄) အိမ်အတွက် ခေါက်ဆွဲခြောက်နှင့် ရေသန်များ လှူဒါန်းခဲ့ကြပါသည်။
Crd;
ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း (၁/၂၀၁၇) ဖွင့်လှစ်
ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်မြောက်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း (၁/၂၀၁၇ ) ဖွင့်ပွဲအခမ်းအနား အစီအစဉ် အား ယမန်နေ့ ၁၈.၁၀.၂၀၁၇ ရက်နေ့ ၀၈း၃၀ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၏ ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်အတွင်း ပြောကြားခဲ့သည့် အမှာစကားကောက်နှုတ်ချက်များ




“Asean Youth Leaders Traing Program ” သင်တန်းသို့ ပြည်ခိုင်ဖြိုးပါတီမှ လူငယ် (၃) ဦး တက်ရောက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းပြည်နယ် ကွမ်းရှီးမြို့ နိုင်ငံတကာလူငယ်များဖလှယ်ရေးကောလိပ်၏ (၄၈) ကြိမ်မြောက် နိုင်ငံတကာလူငယ်အရာရှိများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တို ဘာလ (၁၉) ရက်နေ့ ဒေသစံတော်ချိန် နံနက်( ၀၉း၃၀) ချိန်တွင် ဖွင့်လှစ်ခဲ့သည်။


* Asean Youth Leaders Traing Program * သင်တန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ကိုယ်စားလှယ်( ၃) ဦး တက်ရောက်လျှက်ရှိသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ
၁၇.၁၀.၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ (၂၀၁၇- ၂၀၁၈) ခု ဘဏ္ဍာနှစ်မှ စတင်အကောင်အထည် ဖော်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။




