မြိတ်မြို့ ကမ္ဘောဇမီနီဘဏ်ခွဲတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေလုယူခံရပြီးနောက် ဘဏ်လုံခြုံရေးဝန်ထမ်းများ သေနတ်သမားနှင့်ကြုံတွေ့ပါက တုံ့ပြန်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍ သီးသန့် သင်တန်းများ စီ စဉ်ပေးရန် လိုအပ်လာပြီဟု ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက အကြံပြုပြောကြားသည်။
ပါတီဝင်လူငယ်များ၏ လတ်တလောအခြေအနေဆွေးနွေးပွဲသို့ ဗဟို အတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြား


မန္တလေး အောက်တိုဘာ ၂၅
မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်သည့် ခရိုင်အတွင်းရှိ ပါတီ ဝင်လူငယ်များတွေ့ဆုံ၍ လတ်တလော ဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ စကားဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
လူငယ်တွေ့ဆုံပွဲနှင့် အ.ထ.က (ခွဲ) ကျောင်းသို့ သွားရောက်လုပ်အားဒါန ပေးလှူခြင်း/ ကေဂျီကလေးငယ်လေးများအား မုန့်ပဲသရေစာ ကျွေးမွေးခြင်း


(၂၅.၁၀.၂၀၁၇) ရက်နေ့ ၊ နံနက်(၉း၀၀) နာရီအချိန် ၊ မိုင်းပျဉ်း ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ ပါတီချစ် လူငယ်မောင်မယ်များနှင့် လူထုချစ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရင်းနှီးချစ်ခင်စွာ တွေ့ဆုံပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အရန် ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန် ၊ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူ ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းနှင့် မြို့နယ်ပါတီ လူငယ်တာဝန်ခံ ဒေါ်မေနှင်းသက်တို့က အသီးသီးနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို တစ်ခန်းတစ်ကဏ္ဍရပ်နား၍ စီးတော်ယာဉ်များ ကိုယ်စီ ဖြင့် အ.ထ.က(ခွဲ) ကျောင်းသို့ ဆက်လက်ချီတက်သွားကြရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများက လှိုက်လဲပျူငှာစွာ ကြိုဆို၍ လူငယ်မောင် မယ်များ လုပ်အားဒါနပေးလှူရန် မြေနေရာများကို လိုက်လံပြသပါသည်။
မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲအတွက် အလှူငွေများ ကူညီထောက်ပံ့


မိုးညှင်း( အောက်တိုဘာ၂၄)
မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီဒေသ နန့်မွန်းအုပ်စု အုပ်ချုပ် ရေးမှူး ဖလားဘောလုံးပြိုင်ပွဲအတွက် မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်တိတိ) ကို မိုးညှင်းခရိုင်ကော်မတီ ဝင် ဦးဖိုးထောင် (တောင်သူလယ်တာဝန်ခံ) နှင့် အင်းတော်ကြီးဒေသ ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်စွာတို့မှ ပေးအပ်ပြီး နန့်မွန်းအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်မှ လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။
Crd;
လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းမဟာဘုံကထိန် လှူဒါန်း ပွဲသို့ လှူဖွယ်ဝတ္ထုများ လှူဒါန်း


(24.10.2017) နေ့နေ့လည် (၁) နာရီအချိန်တွင်လမ်းမတော်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌါန မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးကျင်းပ သော မြို့ နယ် စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲသို့ လမ်းမတော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ နယ်ကော်မတီဝင်များနှင့် ရပ်ကွက်ကော်မတီဝင်များ စုပေါင်းပဒေသာပင် (၁) ပင် စုစုပေါင်းပစ္စည်းတန်ဘိုးငွေ (၃) သိန်းကျပ် တိတိ လှူဒါန်းနိုင်ခဲ့ပါသည်။
ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်ပုဒ်များ အသစ်တင်


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးမင်းအောင်မွန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ အောက်တိုဘာ (၂၅) ရက်နေ့တွင် ကျိုက်မရောမြို့ရှိ ရန်မျိုးအောင်ရပ်ကွက်နှင့် ဘိန်းဗျောကျေးရွာ အုပ်စု နန်စမ်းကျေးရွာနှင့် ပိန်းနဲကုန်းကျေးရွာတို့တွင် ပါတီဆိုင်ပုဒ်အသစ်များ စိုက်ထူ ခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံ


အောက်တိုဘာ ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များသည် အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ် ပါတီရုံး၌ ကျင်းပသော အင်္ဂပူမြို့နယ် အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးကော်မတီများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
၂၀၁၈ မော်တော်ယာဉ်မူဝါဒသစ်ကို ပြင်ဆင်ရန်မရှိဟု စီး/ကူးဒုညွှန်ချုပ်ပြော


၂၀၁၈ တွင်စတင်ကျင့်သုံးမည့် မော်တော်ယာဉ် မူဝါဒသစ်သည် ကောင်းမွန်သောစနစ်ဖြစ်ပြီး ပြန်လည်ပြုပြင်ရန် ညှိနှိုင်းဆွေးနွေးနေခြင်းမျိုး မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်းကပြောသည်။ ‘‘မူဝါဒထုတ်ပြီးတဲ့နောက်မှာ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးပြန် လုပ်တယ် ဆိုတဲ့ သတင်းတွေဟာ မှားပါတယ်။ မဟုတ်ပါဘူးခင်ဗျာ’’ဟု ဦးမင်းမင်းက ပြောသည်။
AGTI ပထမနှစ်သင်တန်းသားများအား အစိုးရက ပညာသင်ထောက်ပံ့ကြေး တစ်လသုံးသောင်းကျပ် ပေးမည်


ရခိုင်ဒေသပြန်လည်နေရာချထားရေး နိုဝင်ဘာတွင် ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် အပါအဝင် အချက် ၁၀ ချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူ


မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးကို ယမန်နေ့အစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို နေပြည် တော်တွင် ပြုလုပ်ခဲ့ပြီး အချက် ၁၀ ချက် သဘောတူညီမှုရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးများနှင့် ဝန်ကြီးအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်ကနေပြည်တော် ရှိ Horizon Lake View Hotel နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး တို့တွင် ပြုလုပ်ခဲ့ပြီး သဘောတူညီ ချက်များကို ချမှတ်နိုင်ခဲ့သည်။
