

မကွေး နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး ပါတီအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌအပါအဝင် အင်အား ၅ဝ တက်ရောက်ခဲ့သည်။









