မောင်တောဒေသတွင် စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့ ကွင်းဆင်းကူညီမှု လုပ်ငန်းများစတင်

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာနေရာများသို့ စေတနာ့ဝန်ထမ်း လူငယ်လုပ် အားပေးအဖွဲ့များက ကွင်းဆင်း ကူညီမှု လုပ်ငန်းများ နိုဝင်ဘာ ၁၃ ရက်၌ စတင်ဆောင်ရွက်နေ ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ပြောသည်။

NCA ရေးထိုးနိုင်ရန် နီးစပ်နေပြီဟု UNFC ဥက္ကဋ္ဌပြော

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင် ရန် နီးစပ်လာပြီဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။ UNFC နှင့် NCA လက်မှတ် ထိုးရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် လုပ်ငန်းအဖွဲ့ (PPWT)တို့ နိုဝင်ဘာ ၁၃ ရက်က ချင်းမိုင်မြို့၌ ပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေး အဖွင့်အမှာစကား တွင် ယင်းသို့ ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလမ်းကြောင်း ရှာဖွေရန် မြောက်ပိုင်းခုနစ်ဖွဲ့ အစည်းအဝေး ကျင်းပမည်

အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည့် လမ်းကြောင်းရှာဖွေရန် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့၏ အစည်းအဝေး ကို ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ဆန်း၌ ပြုလုပ် မည် ဖြစ်ကြောင်း မြောက်ပိုင်း ခုနစ်ဖွဲ့တွင် ပါဝင်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောသည်။

၂၁ ပင်လုံဒုတိယအစည်းအဝေးအပြီး ငါးလအတွင်း လက်နက်ကိုင်ပဋိပက္ခ အကြိမ် ၈၀ ကျော် ဖြစ်ပွားဟုဆို

၂၀၁၇ ဇွန်လဆန်းမှ အောက်တိုဘာလကုန်အထိ လက်နက်ကိုင်ပဋိပက္ခအကြိမ် ၈၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြုဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ် သည့် Myanmar Peace Monitor ၏ အချက်အလက်များတွင် ဖော်ပြသည်။

စုပေါင်းမဟာဘုံကထိန်ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၁၃

မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့တွင် မြို့တွင်းသို့ လှည့်လည်ပြီး ဂဠုံအုပ်စု ဂဠုံကုန်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းကာ ယနေ့နံနက် ၉ နာရီ အချိန်က ကထိန်တရားတော်များနာယူကာ ရေစက်သွန်းချအမျှအတန်းပေးဝေပြီး ပင့်သံဃာ ၁၂ ပါးတို့အား နေ့ဆွမ်းများ ဆက်ကပ် ပူဇော်ကြသည်။

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး၌ online media မွမ်းမံ သင်တန်းဖွင့်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး၌ online media မွမ်းမံ သင်တန်းဖွင့်​ပွဲအခမ်းအနားကို (၁၄.၁၁.၂၀၁၇) ရက်​​နေ့ နံနက်​ပိုင်းတွင်​ ကျင်းပပြုလုပ်​ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်း​မောင်​နှင့်​ တိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​// မြို့နယ်​ ဥက္ကဌများ၊ အတွင်း​ရေးမှူးများ​ ၊ ကော်​မတီဝင်​များ၊ သင်​တန်း သား/သူများ တက်​​ရောက်​ခဲ့ကြပြါသည်။

ပဲခူးမြို့ အထက (၃) အမျိုးသားတန်းမြင့်ကျောင်း အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ တက်ရောက်ပူဇော်

ပဲခူး နိုဝင်ဘာ ၁၃

ပဲခူးမြို့ ဂရင်းဆိုရှယ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသော (၉၇) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်အတူ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ယခင်အမျိုးသားတန်းမြင့်ကျောင်း၏ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပသည်။

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြ သင်​တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြ သင်​တန်း (၁/၂၀၁၇) သင်​တန်းဆင်းပွဲ အခမ်းအနားကို (၁၂.၁၁.၂၀၁၇)ရက်​​နေ့ ည​နေ (၃း၀၀)နာရီတွင်​ ခရိုင်​ပါတီရုံးတွင်​ ကျင်းပခဲ့ပါသည်​။

အဆိုပါအခမ်းအနားသို့ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ (အနောက်​ပိုင်းခရိုင်​ နယ်​​မြေခွဲတာဝန်​ခံ) ဦးတင်​ဝင်း၊​ ဒေါ်သင်းသင်းမိုး၊ ခရိုင်​ပါတီ​ ဥက္ကဌ၊ ဘဏ္ဏာ​ရေးမှူးနှင့်​ ပါတီ​ကော်​မတီဝင်​များ ၊မြို့နယ်​ပါတီ ဥက္ကဌများ၊ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပါသည်။

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မျိုးဆက်သစ် လူငယ်မောင်/မယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူ ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ

(၁) ပြည်သူ့အကျိုးပြုလုပ်ငန်းများ လစဉ် ဆောင်ရွက်ရန် ၊

(၂) မြို့နယ်များတွင် ဖွဲ့စည်းပြီးသော ပရဟိတအသင်းများလှုပ်ရှားမှု တစ်လတစ်ကြိမ် လှုပ်ရှားဆောင်ရွက်ရန်၊

(၃) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အမျိုးသားရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်၊

(၄) လူငယ်ထုအင်အားကျစ်လစ်သိပ်သည်းမှုမှ တိုးချဲ့စည်းရုံးဆောင်ရွက် ရန်၊

မင်းတုန်းပြည်ခိုင်ဖြိုးလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဦးသန်းဝင်း၊ မကွေးတိုင်းအရန်ကော်မတီဝင် ဦးဝင်းတင်၊ သရက်ခရိုင် ပါတီဥက္ကဌ ဦးဝင်းကျော်တို့သည် မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပသည့် မြို့နယ်နှင့် ရပ်ကျေးအမှုဆောင်များ လစဉ်ပုံမှန်အစည်းဝေးသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ပါတီ၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ အလုပ်သမားရေးရာကော်မတီဖွဲ့ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်။ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ အခြားသောနိုင်ငံရေးပါတီများနှင့်အတူ ဥပဒေနှင့်အညီ ဝေဖန်ထောက်ပြဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မင်းတုန်းမြို့နယ် ပါတီဥက္ကဌ ဦးစိုးနိုင် ၊ ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့ပေါ်နှင့်ကျေးရွာ (၈၄)ရွာမှ စည်း/မှူးနှင့်ပါတီဝင်များ စုစုပေါင်းအင်အား (၁၅၉)ဦး တက်ရောက်ကြောင်း သိရှိရသည်။