
ရွှေစျေးကွက်အတွင်း အဝယ်ထက် အရောင်းများနေပြီး စျေးကွက်အေးနေသည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ “အဝယ်ထက် အရောင်းက များနေပါ တယ်ကွာ။ စျေးကွက်က တော်တော်အေးနေ တယ်။ ရွှေစျေးကလည်း နည်းနည်းကျတယ်”ဟု ဦးမျိုးမြင့်က ပြောကြားသည်။ ဒေါ်လာစျေးမှာလည်း အနည်းငယ်ကျ ဆင်းသဖြင့် ရွှေစျေးနှုန်းမှာလည်း အနည်း ငယ် ကျဆင်းလာကြောင်း ဦးမျိုးမြင့်က ဆက် လက်ပြောကြားသည်။



