ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သား ၇၀၀ နီးပါး ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမား ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်း လှမ်းစာ (Demand Letter) များကို စိစစ် ဆောင်ရွက်နေကြောင်း၊ ထိုသို့ စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက် ရှိသည် ဟု သံရုံးက ဆိုသည်။