
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန် ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန်ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်းချနေကြောင်း သိရသည်။ နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသား ခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများထံမှ လေယာဉ်လက်မှတ် ဝယ်ယူရန် ခက်ခဲ့ကြောင်း လေယာဉ်လက်မှတ်များအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူအချို့၏ ပြောကြားချက် အရ သိရသည်။






