
နိုင်ငံသားစိစစ်ရေးကတ် နှစ်ကြိမ်နှင့် သုံးကြိမ် ထပ်နေသူ ၁၁၀၀၀၀ ကျော် (၁၁၅,၉၆၁ ဦး) ကို လျှော့ချ နိုင်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၂ ရက်က ကျင်းပသည့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းအစည်းအဝေးတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းများ ပြုစုရာတွင် သက်ဆိုင်ရာဌာနများမှ စာရင်းဇယားများနှင့် ပူးပေါင်းဆောင်ရွက်ရသကဲ့သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း စသည့် ကိစ္စရပ်များတွင်လည်း ယနေ့တက်ရောက်လာသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်