မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာ၂.၆ ဘီလီယံကျော်ရှိ

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှုတန်ဖိုးဟာ အခုဘဏ္ဍာနှစ် ခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံကျော်ဖိုးရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကသိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအလိုက် ကုန်သွယ်မှုတန်ဖိုးတွေကို ကြည့်မယ်ဆိုရင် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းကနေ ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံကျော်ရှိပြီး အများဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၁၄ ရက် နေ့လည် ၁ နာရီခွဲအချိန်က တိုင်းထွာရရှိချက်များအား မွန်းလွဲ ၂ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း ကပ္ပလီပင် လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသည့် လေအေးများတွေ့ဆုံခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေသည်ဟု မိုးဇလကအသိ ပေးခဲ့သည်။ ထို့ကြောင့် တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးသည်းထန်စွာရွာ သွန်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်း ရွှေတံဆိပ် ၁၂ ခု အပါအဝင် ဆုတံဆိပ် ၃၂ ခုဆွတ်ခူးနိုင်ခဲ့

ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းမှ ရွှေတံ ဆိပ် ၁၂ ခု၊ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခု (စုစုပေါင်း ဆုတံဆိပ် ၃၂ ခု)ဆွတ်ခူးရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုသိမ်စက်မှုမြို့တော်ဆိပ် ကမ်းမှ ဆန်တန်ချိန် ၁ သိန်းအထိတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံမှထွက်ရှိသည့်ဆန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆန်တန်ချိန် ၂ သိန်း တင်ပို့ရေး ဆန်ရောင်းဝယ်မှုဆိုင် ရာ G2G စာချုပ်အရ ပုသိမ်စက်မှုမြို့တော်ဆိပ် ကမ်းမှ ဆန်တန်ချိန် ၁ သိန်း တင်ပို့ရန်ဆောင်ရွက်ရှိကြောင်း သိရသည်။ ဆန်တန်ချိန် ၂ သိန်းအနက် တစ်ချို့တစ်ဝက်အား ရန်ကုန်ဆိပ်ကမ်းမှ လည်း တင်ပို့လျက်ရှိပြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှလည်း ဆန်တန်ချိန် ၃ သောင်းမှ ၁ သိန်း အထိ ဒေသတွင်းရှိ စပါးနှင့်ဆန်ပိုလျှံမှုပေါ် မူတည်၍ တင်ပို့ရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၄) ဦး တွေ့ရှိ

(၁၂-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၀၉၇) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၄) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၄) ရာခိုင်နှုန်း ရှိပါသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပျံသန်း နေပြီး အမေရိကန်ဒေါ်လာ ၃၉၀ မှ စတင်ဝယ်ယူနိုင်

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန် အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပျံသန်း နေပြီး အမေရိကန်ဒေါ်လာ ၃၉၀ မှ စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။  ယင်းပြင်နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်   အသွားအပြန်ခရီးစဉ်ကိုလည်း နေ့စဉ်ပျံသန်းနေပြီး အမေရိကန် ဒေါ်လာ ၁၅၀ မှ စတင် ရောင်းချပေးနေကြောင်း သိရသည်။

လျှပ်စစ်ကားများအခွန်ကင်းလွတ်ခွင့်ပြု

ပြည်ပမှတင်သွင်းသည့် လျှပ်စစ်သုံးယာဉ်(BEV)အမျိုးအစားများအတွက်  မြန်မာ့အကောက်ခွန်နှုန်းစာရင်း-၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏နိုဝင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၉၀^၂၀၂၂အရ သိရသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၆၁) ဦး တွေ့ရှိ

။ (၉-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၀၆၄) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၁) ရာခိုင်နှုန်း ရှိပါသည်။

YBS ၆၁ ပေါ်၌ လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းမိ

YBS၆၁ကား‌ ပေါ်မှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက  လုယက်မှုကျူးလွန်ခဲ့သူတွေကို နိုဝင်ဘာ ၉ ရက်မှာ ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ၈ရက် ညနေ၄နာရီလောက်က မရမ်းကုန်းမြို့နယ် သမိုင်းဈေးဘူတာရုံလမ်းနဲ့ သမိုင်း၇လမ်းထိပ်မှာ YBS၆၁ယာဉ်ပေါ်မှာပါတဲ့ ခရီးတချို့ဆီကနေ လက်ကိုင်ဖုန်းတွေကို အုပ်စုဖွဲ့လုယက်ခဲ့တာဖြစ်ပြီး အော်ဟစ် အကူအညီတောင်းတဲ့ ခရီးသည် အမျိုးသမီးတစ်ဦးကိုလည်း လုယက်သူတွေက ရိုက်နှက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာ MoU အလုပ်သမား ၁၀၀ ဦး ထိုင်းနိုင်ငံသို့ ထွက်ခွာ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာ MoU အ လုပ်သမား ၁၀၀ ဦးသည် နိုဝင်ဘာ ၈ ရက်မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် စက်လှေများဖြင့်ထွက်ခွာသွားခဲ့ကြသည်။

မြန်မာ MoU အလုပ်သမားများအား ရန်ကုန်လေ ဆိပ်မှတဆင့် ကော့သောင်းမြို့သို့ ၎င်းတို့အား တာဝန်ယူ ပို့ဆောင်ပေးမည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး(ထိုင်း)လိုင်စင်ရအေဂျင်စီက လေကြောင်းခရီးစဉ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။