အဲဗာတန်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်း၏ DRကွန်ဂို တောင်ပံ ကစားသမား ဘိုလာဆီအား တန်ကြေး ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။
အသက်(၂၇)နှစ်အရွယ်ရှိ ဘိုလာဆီအတွက် အဲဗာတန်အသင်းက ကနဦး ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းဝန်းကျင် ပေးချေခဲ့ရပြီး စွမ်းဆောင်ရည်အပေါ် မူတည်၍ ပေါင်သန်း(၃၀)အထိ မြင့်တက် သွားနိုင်ကြောင်း သိရသည်။
အဲဗာတန်အသင်းသည် ဘိုလာဆီအား (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။