
ရုရှားနိုင်ငံတောင်ပိုင်းရှိ ဆမ်မာရာကွင်း အချိန်မီပြီးစီးရေးအတွက် ရုရှားကိုဖီဖာကဖိအားပေးသွားခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလာမည့် ဇွန်လ၊ ၁၄ရက်နေ့တွင်စတင်ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပရန် သုံးလခန့်သာ လိုတော့သည်။ ဆမ်မာရာကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမည့် ဘောလုံးကွင်း ၁၂ကွင်းထဲမှာ တစ်ကွင်း အပါအ၀င်ဖြစ်ပြီး နိုင်ငံတောင်ပိုင်းတွင်ရှိနေသည်။
သို့သော်လည်း ပရိသတ် ၄၅၀၀၀ဆန့် ဆမ်မာရာကွင်းတည်ဆောက်မှုနောက်ဆုံး အခြေအနေမှာအလွန် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး အချိန်မီပြီးစီးရေးအတွက် ခက်ခဲနေသည်။ ဆမ်မာရာကွင်းတွင် အုပ်စုပွဲစဉ် ၄ပွဲ၊ ရှုံးထွက်ပွဲစဉ်တစ်ပွဲနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲကစားရန်ဖီဖာက သတ်မှတ်ရေးဆွဲထားပြီးဖြစ်သည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်