
တိုက်ပွဲတခုမှာ ခြေထောက်တွေ ဆုံးရှုံးခဲ့ကြရပေမယ့် ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နေကြတာဟာ တကယ့်ကို အံ့သြအတုယူဖွယ်ပါပဲ။
အဲဒီစစ်သားလေးဦးဟာ အာဖဂန်နစ္စတန်စစ်ပွဲကနေ ပြန်လာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ဟာ စစ်မြေပြင်ကနေ အနားယူပြီးတဲ့နောက် အသင်းတသင်းဖွဲ့ပြီး ကားမောင်းပြိုင်ပွဲဝင်တော့ မယ်လို့ သိရပါတယ်။
သူတို့ဟာ ဂျာဂွာ F-Type SVR GT4s ကားနဲ့ ဗြိတိန်ဂျီတီချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။








