
မန်ယူအသင်း၏ နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန် သည် လက်ရှိ မန်ယူအသင်း၏ ခံစစ်အနေအထားဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှု မရနိုင်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။
မန်ယူအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယန်းဘွိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း မန်ယူသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ (၁၆) သင်းအဆင့်တွင် ဆီဗီလာကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသည်။ မန်ယူသည် ပရီးမီးယားလိဂ်(၅) ပွဲ ကစားပြီးချိန်တွင် (၃) ပွဲသာ အနိုင်ရထားပြီး ဂိုးမပေးရသည့်ပွဲ တစ်ပွဲသာရှိသည့်အတွက်ကြောင့် ဖာဒီနန်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသွားခြင်း ဖြစ်သည်။









