
အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီလူးဝစ္စဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ အက်သလက်တီကိုနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းမှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက် လူးဝစ္စဟာ ပီအက်စ်ဂျီအသင်းဆီကနေ ကမ်းလှမ်းမှု လက်ခံရရှိထားတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ယူရီဘာချီချီကို ဘီလ်ဘာကိုအသင်းဆီ ရောင်းချခဲ့တာကြောင့် ဘယ်နောက်ခံ ကစားသမားတစ်ဦး လိုအပ်နေပါတယ်။ ဖိလစ်ပီလူးဝစ္စဟာ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုအသင်းမှာ ပြိုင်ပွဲစုံ(၂၈)ပွဲ ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။









