
နည်းပြဟောင်း ကွန်တီ သာ ချယ်လ်ဆီးကို ဆက်လက် ကိုင်တွယ်နေမည်ဆိုပါက အသင်း၌ ဆက်နေရန် အခွင့်အရေး လုံးဝမရှိကြောင်း ဘရာဇီးတောင်ပံကစားသမား ဝီလီယံက ပြော သည်။
ကွန်တီသည် ၂၀၁၆-၁၇ ဘောလုံးရာသီက ချယ်လ်ဆီးကို ပရီးမီးယားလိဂ်ဖလားရအောင် လမ်းညွှန်ပေးနိုင်ခဲ့ သော်လည်း ၂၀၁၇-၁၈ ဘောလုံးရာသီတွင် အမှတ်ပေးဇယား၌ အသင်း အဆင့် (၅) ချိတ်ခဲ့ပြီးနောက် ဇူလိုင်က နည်းပြရာထူးမှ ထုတ်ပယ်ခံရသည်။









