
ခရိုင်းမီးယားကျွန်းဆွယ် ယော်တာမြို့အနီးမှာ သြဂုတ် ၁၈ ရက်နေ့က နိုင်ငံတကာ ချန်ပီယံရှစ် ဒိုင်ဗင်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းက ဒိုင်ဗင်သမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ၂၇ မီတာမြင့်တဲ့ တောင်စောင်းကနေ အောက်ကို ဒိုင်ဗင်ထိုးရပြီး ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ လှေတွေနဲ့ ကမ်းခြေပေါ်ကနေ အဲဒီပြိုင်ပွဲကို အားပေးခဲ့ပါတယ်။









