
နည်းပြမော်ရင်ညိုကို ရာထူးကနေ မန်ယူ ထုတ်ပယ်ခဲ့ပါက ရီးရဲလ်နည်းပြဟောင်း ဇီဒန်းဟာ မန်ယူနည်းပြ ဖြစ်လာဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ဇီဒန်းအနေနဲ့ အင်္ဂလန် ကလပ်အသင်း တစ်သင်းကို ကိုင်တွယ်ဖွယ် မရှိဘူးလို့ သူ့ရဲ့အေးဂျင့်က ပြောခဲ့ပါတယ်။

နည်းပြမော်ရင်ညိုကို ရာထူးကနေ မန်ယူ ထုတ်ပယ်ခဲ့ပါက ရီးရဲလ်နည်းပြဟောင်း ဇီဒန်းဟာ မန်ယူနည်းပြ ဖြစ်လာဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ဇီဒန်းအနေနဲ့ အင်္ဂလန် ကလပ်အသင်း တစ်သင်းကို ကိုင်တွယ်ဖွယ် မရှိဘူးလို့ သူ့ရဲ့အေးဂျင့်က ပြောခဲ့ပါတယ်။

နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာကြောင့် ၎င်းကို အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထိ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ အရင်သဘောတူစာချုပ်အရ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ၂၈ နှစ်အကြာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ဦးဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူအသင်းနဲ့ ပြိုင်ဘက် ဘာစီလိုနာတို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာတယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပြီး စုစုပေါင်း ဖလား ၁၃ ထိ ပိုင်ဆိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ၂၀၁၇-၁၈ ရာသီအတွင်း စံချိန်တင် ဝင်ငွေ ပေါင် ၆၅၉ သန်း ရရှိခဲ့ပြီး မနှစ်ကထက် ပေါင်သန်း ၆၀ ပိုမြင့်တက်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ဂိုး ၈၀၀၀ မြောက်ကိုသွင်းယူခဲ့သူက အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းမဟုတ်ဘဲ စပါးကွင်းလယ်လူ လာမီလာ ဖြစ်တယ်လို့ UEFA ကအတည်ပြုလိုက်ပါတယ်။ အစောပိုင်းမှာ ဘရုဂျက်ဘက် ကို ဂရစ်ဇ်မန်းသွင်းတဲ့ ဂိုးက ၈၀၀၀ မြောက်ဖြစ်တယ်လို့ သတ်မှတ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာစီလိုနာ ဘက်ကို လာမီလာသွင်းခဲ့တဲ့ ဂိုးကသာအမှန်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၀၉ တုန်းက အမေရိကန်မှာ မော်ဒယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒါသာမှန်ကန်ခဲ့ရင် သူ့ကို စပွန်ဆာပေးထားသူတွေ ဆီကနေ ပေါင် ၁ ဘီလီယံ လောက်အထိ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

လက်ကောက်ဝတ်ရိုးကျိုးနေသော လက်ရွေးစင်တိုက်စစ်မှူး အောင်သူ (ဓာတ်ပုံ – Police Tero FC )
ထိုင်းလိဂ်၌ ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက် စစ်မှူးအောင်သူသည် လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာကြောင့် အနားယူရမည်ဖြစ်ကြောင်း Police Tero အသင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံသား လိုက်ဟဲဗီးဝိတ်ချန်ပီယံ အန်သိုနီယာဒီဟာ မွေးရာပါ ဦးနှောက်နဲ့အာရုံကြောချို့ယွင်းမှု ခံစားနေရတဲ့ လက်ဝှေ့ပရိသတ် ကလေးငယ်တစ်ယောက်ကို အံ့အားသင့်စရာ မွေးနေ့ပွဲ ဖန်တီးပေးခဲ့ပါတယ်။ ချမ့်(Champ)လို့ အမည်ရတဲ့ ကလေးငယ်ဟာ ကန်နင်တောင်းမြို့က Peacock အားကစားခန်းမမှာ လက်ဝှေ့သမားတွေ လေ့ကျင့်တာကို မကြာခဏ လာရောက်ကြည့်ရှုခဲ့ပြီး WBC ခါးပတ်ကို သဘောကျနေသူပါ။

မန်ယူအသင်းခေါင်းဆောင်ဗလန်စီယာက ချန်ပီယံလိဂ်ပွဲအပြီး အင်စတာဂရမ်တွင် ပရိသတ်တစ်ဦးတင်ထားတဲ့ မော်ရင်ဟို ကို ဆန့်ကျင်တဲ့ပို့စ်အား Like လုပ်မိခြင်းမှာ အမှတ်တမဲ့ ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မန်ယူမှာ ချန်ပီယံလိဂ်တွင် ဗလင်စီယာနဲ့ သရေကျခဲ့ပြီးနောက် ၂၉ နှစ်အတွင်း အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရတာကြောင့် မော်ရင်ဟိုကို ထုတ်ပယ်ရမယ့်အချိန်ရောက်ပြီလို့ ရေးပြီးတင်ခဲ့တာဖြစ်ပါတယ်။

လာမယ့် စနေနေ့ကျရင် ယှဉ်ပြိုင်မယ့် မက်ဂရီဂေါ်နဲ့ နာမာဂိုမီဒေါ့ဗ်တို့ ပွဲစဉ်မှာ နှစ်ယောက်လုံးကို အလဲအကွဲ ဖြစ်စေချင်တယ်လို့ UFC တိုက်ခိုက်ရေးသမား တိုနီဖာဂူဆန်က ပြောပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း နာမာဂိုမီဒေါ့ဗ်နဲ့ လိုက်ဝိတ်ချန်ပီယံခါးပတ် ကာကွယ်ပွဲ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် ဒူးဒဏ်ရာရခဲ့ပြီး ချန်ပီယံခါးပတ် ရုပ်သိမ်း ခံခဲ့ရပါတယ်။

နှစ်စဉ်ဝင်ငွေကန် ဒေါ်လာ တစ်ဘီလီယံ ကျော်လွန်သော ပထမဆုံး အားကစားကလပ် ဖြစ်လာသည်ဟု ဘာစီလိုနာအသင်းက ကြေညာသည်။ လာလီဂါချန်ပီယံ ဘာစီလိုနာက ၎င်းတို့၏ နှစ်ချုပ်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၇- ၁၈ ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်လွန်ခဲ့သည်။ ငါးနှစ်ဆက်တိုက် စံချိန်တင် ဝင်ငွေရရှိခြင်းဖြစ်ကာ ရှစ်နှစ်ဆက်တိုက် အမြတ်ငွေ ရရှိခြင်းဖြစ်သည်။