
ရီးရဲလ်နှင့် ခရိုအေးရှား ကြယ်ပွင့်လူကာမိုဒရစ်က ယခုနှစ် ဘလွန်းဒီအောဆု ရရှိရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း မရှိဟု ပြောပြီး မိမိအနေဖြင့် ယင်းဆုကိုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေကြီး ကျယ်သောနှစ်တစ်နှစ် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။
မိုဒရစ်သည် ရီးရဲလ်ကိုချန်ပီယံလိဂ်ဖလား ရအောင်ကူညီခဲ့ကာ ခရိုအေးရှားကိုလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက်အောင်ကူညီခဲ့သဖြင့် ဘလွန်းဒီအောဆုရ မည်ဟုရေပန်းစားနေသူများတွင် ပါဝင်နေသည်။









