
ဂျုဗင်တက်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒို ဟာ မန်ယူအသင်းမှာကစားခဲ့စဉ်တုန်းက နေထိုင်ခဲ့တဲ့ မန်ချက်စတာ က နေအိမ်ကို အပြီးတိုင်ရောင်းချတော့မယ်လို့ သိရပါတယ်။ ရော်နယ်ဒို ဟာ အဲ့ဒီအိမ်ကို ပေါင် ၃.၈၅ သန်းနဲ့ ၂၀၀၆ ခုနှစ်က ၀ယ်ယူထားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပေါင် ၃.၂၅ သန်းရပါ က ရောင်းချသွားမယ်လို့ သူ့ရဲ့အကျိုးဆောင်တွေကတစ်ဆင့် ကြားသိရပါတယ်။









