
အမေရိကန်လယ်ဝှေ့ကျော် မေ၀ယ်သာ သည် ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲ၌ ကစ်ဘောက်ဆာ ချန်ပီယံ နာဆူကာဝါ အား ပထမအချီ၌ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်ညတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် အဆိုပါပွဲစဉ်ကို သုံးချီယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သော်လည်း ပထမအချီ၌ပင် နာဆူကာဝါ သည် သုံးကြိမ်အထိ လဲကျခဲ့ပြီး အရှုံးပေးခဲ့ရခြင်းလည်းဖြစ်သည်။








