
မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မလေးရှားအသင်းနှင့် မြန်မာအသင်းဘောလုံးပွဲသို့ သွားရောက်အားပေးပြီး ပြန်လာသော မြန်မာလုပ်သား ၂၀ ခန့်ကို မလေးရှားနို င်ငံသား ၃၀ ခန့်က တိုက်ခိုက်သဖြင့် မြန်မာလုပ်သားငါးဦးခန့် ဒဏ်ရာရရှိခဲ့သည်။

မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မလေးရှားအသင်းနှင့် မြန်မာအသင်းဘောလုံးပွဲသို့ သွားရောက်အားပေးပြီး ပြန်လာသော မြန်မာလုပ်သား ၂၀ ခန့်ကို မလေးရှားနို င်ငံသား ၃၀ ခန့်က တိုက်ခိုက်သဖြင့် မြန်မာလုပ်သားငါးဦးခန့် ဒဏ်ရာရရှိခဲ့သည်။

စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာသည် လက်ရှိမန်ယူနှင့် စာချုပ်သက်တမ်း ကုန်ချိန်တွင် လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီ သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း အားကစား သတင်းဝက်ဘ်ဆိုက်များ က ဖော်ပြသည်။
ဒီဂီယာသည် စာချုပ်သက်တမ်းတိုးရန် တွန့်ဆုတ်နေသဖြင့် မန်ယူတွင် ၎င်း၏ အနာဂတ်မသေချာဖြစ်နေသည်။ ဒီဂီယာ(၂၈)နှစ် ၏ လက်ရှိစာချုပ်သည် ယခုရာသီကုန်တွင် သက်တမ်းကုန်မည် ဖြစ်သော်လည်း မန်ယူက နောက်ထပ် တစ်နှစ်ချုပ်ဆိုရေး သတ်မှတ်ချက်တစ်ရပ် ပါဝင်နေသည်။

ချဲလ်ဆီးတိုက်စစ်ကစားသမား အီဒင်ဟာဇက်က ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ချဲလ်ဆီးကနေ ထွက်ခွာပြီး အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ ဖြစ်လာနိုင်တယ် ၀န်ခံလိုက်ပါတယ်။
အဆိုပါဘယ်လ်ဂျီယံကစားသမားရဲ့ ချဲလ်ဆီးနဲ့စာချုပ်သက်တမ်းဟာ နောက်ရာသီအကုန်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဥရောပထိပ်တန်းကလပ်အသင်းအချို့က ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၂ ခုနှစ်က လိုင်လီကနေ ချဲလ်ဆီးကိုရောက်လာတဲ့ ဟာဇက်က ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ဖူးပေမယ့် ပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘရိုနာနဲ့ပွဲမှာ မိမိရဲ့ လက်ဝှေ့ကစားသမားဘဝ ကျန်ရှိသေးတယ်ဆိုတာ သက်သေပြချင်တယ်လို့ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီယိုက ပြောကြားလိုက်ပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ပက်ကွီယိုဟာ လာမယ့်နှစ် ဇန်နဝါရီ ၁၉ ရက်မှာ WBA ဝယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် အမေရိကန်က အက်ဒရီယန်ဘရိုနာနဲ့ လတ်စ်ဗီးဂတ်မှာ ထိုးသတ်ရမှာပါ။

လီဗာပူးတိုက်စစ်မှူးမာနေးဟာ အသင်းနဲ့တစ်ပတ်ပေါင် (၁၅၀၀၀၀)တန်ကြေးရှိ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီး ရီးရဲလ်နဲ့ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို အဆုံးသတ် စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက မာနေးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးသွားဖို့ လီဗာပူးအသင်း ဆန္ဒရှိခဲ့ပါတယ်။ လီဗာပူးအသင်းဟာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ဖာမီနို တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ အသက်(၂၆)နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ စာချုပ်သစ်အရ လီဗာပူးမှာ ၂၀၂၃ ခုနှစ်နွေရာသီအထိ ဆက်ရှိနေမှာပဲဖြစ်ပါတယ်။

အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကျင်းပနေစဉ် (ဓာတ်ပုံ − MFF)
မြန်မာလိဂ်ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် ၂၀၁၉ အေအက်ဖ်စီဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ နိုဝင်ဘာ ၂၂ ရက်တွင် ထွက်ပေါ်ခဲ့သည်။
အုပ်စုခွဲဝေမှုအရ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု (စ)တွင် ရန်ကုန် (သို့မဟုတ်) ဇွဲကပင်အသင်းက ဗီယက်နမ် ကလပ် ဟနွိုင်းအသင်း၊ စင်ကာပူကလပ် တန်ပီးနက်စ်ရိုဗာအသင်း၊ ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

ရီးရဲလ်နှင့် ခရိုအေးရှား ကြယ်ပွင့်လူကာမိုဒရစ်က ယခုနှစ် ဘလွန်းဒီအောဆု ရရှိရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း မရှိဟု ပြောပြီး မိမိအနေဖြင့် ယင်းဆုကိုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေကြီး ကျယ်သောနှစ်တစ်နှစ် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။
မိုဒရစ်သည် ရီးရဲလ်ကိုချန်ပီယံလိဂ်ဖလား ရအောင်ကူညီခဲ့ကာ ခရိုအေးရှားကိုလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက်အောင်ကူညီခဲ့သဖြင့် ဘလွန်းဒီအောဆုရ မည်ဟုရေပန်းစားနေသူများတွင် ပါဝင်နေသည်။

ဒီနေ့ညနေ (၆း၀၀)နာရီမှာတော့ ရန်ကုန်မြို့၊သုဝဏ္ဏကွင်းမှာ မြန်မာအသင်း နဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ (၂)ပွဲစီ ကစားအပြီး ရမှတ် (၆)မှတ်စီနဲ့ ဦးဆောင်နေကြတဲ့ အသင်းတွေဖြစ်တာမို့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက်တော့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်ဖို့ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

ဂျာမနီလူငယ်တင်းနစ် ကစားသမား အလက်ဇန်းဒါးဇက် ဗီရက်ဗ်သည် ATP Finals ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၁)ဂျို ကိုဗစ်ကို အံ့အားသင့်ဖွယ်အနိုင်ရရှိပြီးဆုကြေးပေါင်နှစ်သန်းခန့် ရရှိခဲ့သည်။
ATP Finals ဆုဖလားကို ခြောက်ကြိမ်မြောက်ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်(၃၁)နှစ် သည် ဇက်ဗီရက်ဗ်(၂၁)နှစ်ကို ၆-၄၊ ၆-၃ ဖြင့် ပွဲကြီးနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည်။

ဂျာမနီနိုင်ငံသားအ လက်ဇန်းဒါးဇက်ဗီရက်ဗ်(၂၁)နှစ် သည် ဆွစ်ဇာလန်တင်းနစ် အကျော်အမော် ရော်ဂျာ ဖက်ဒဲရာကို ၇-၅၊ ၇-၆(၅)ဖြင့် အနိုင်ယူပြီး ATP Finals ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကာ ဆားဘီးယား နိုင်ငံသား ကမ္ဘာ့အဆင့်(၁) ဂျိုကို ဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဇက်ဗီရက်ဗ်သည် ၎င်း၏ ကစားသမားဘ၀တွင် အရေးပါသော နိုင်ပွဲတစ်ပွဲရယူနိုင်သော်လည်း နောက်ဆုံးပွဲငယ် (tiebreak)အတွင်း ပြုမူသောလုပ်ရပ်ကြောင့် ပွဲအပြီးစကားပြောစဉ်အတွင်း လှောင်ပြောင်ခံရသည်။