
ဒီယွန်တေးဝိုင်ဒါနဲ့ ထိုးသတ်မယ့်ပွဲစဉ်က ရရှိလာမယ့် ငွေကြေးအားလုံးကို အိမ်ရာမဲ့တွေအတွက် လှူဒါန်း သွားမယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။ လာမယ့်စနေနေ့ညကျရင် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီနဲ့ အမေရိကန်ဟဲဗီးဝိတ် လက်ဝှေ့သမား ဒီယွန်တေးဝိုင်ဒါတို့ လော့စ်အိန်ဂျလိစ်မြို့မှာ ထိုးသတ်ကြမှာဖြစ်ပြီး တိုင်ဆန်ဖျူရီအနေနဲ့ ဒေါ်လာသန်းချီ ရရှိမှာပါ။ WBC ချန်ပီယံလိဂ်ခါးပတ်ကို ကာကွယ်ရမယ့် အဲဒီပွဲစဉ်မှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာတာပဲဖြစ်ဖြစ် ရရှိလာတဲ့ ငွေကြေးကို သူ့အတွက်၊ ကိုယ်ဝန်ဆောင် ဇနီးသည် အတွက်၊ သားသမီးတွေ အတွက် သုံးမှာမဟုတ်ဘဲ အိမ်ရာမဲ့တွေအတွက် အဆောက်အအုံတွေ ဆောက်လုပ် လှူဒါန်းသွားမယ်လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။









