
ဒေးဗစ်ဘက်ခမ်းဟာ National League ကလပ် ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူပြီး မန်ယူအသင်းရဲ့ ၉၂ မျိုးဆက် အသင်းဖော်ဟောင်းတွေနဲ့အတူ တစ်ကျော့ပြန် ပေါင်းစည်းခဲ့ပါတယ်။ အဲဒီအတွက် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ နဗီးလ်ညီနောင်(ဂယ်ရီနဗီးလ်၊ ဖီးနဗီးလ်)၊ ပေါစခိုးလ်၊ ရိုင်ယန်ဂစ်၊ နစ်ကီဘတ်တို့နဲ့အတူ ပူးတွဲအသင်းပိုင်ရှင် ဖြစ်လာခဲ့ပါပြီ။









