တိုက်စစ်မှုးတွေဖြစ်ကြတဲ့ ဆာလာ၊မာနီနဲ့အူဘာမီယန်တို့ကို အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်နောက်ဆုံး ၃ ဦးအဖြစ် အတည်ပြုကြေညာလိုက်ပါတယ်။
အာဖရိကဘောလုံးလောကရဲ့ဂုဏ်သိက္ခာကြီးမြင့်တဲ့အဲဒီဆုအတွက် ဆန်ခါတင် နောက်ဆုံး ၃ ဦးထဲ သူတို့ပါခဲ့တာဟာ ဒါနဲ့ဆိုရင် ၂ နှစ်ဆက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဖရိက အကောင်းဆုံး ကစားသမားဆုကို အီဂျစ်တိုက်စစ်မှုးဆာလာက ဆွတ်ခူးသွားခဲ့ပြီး ဒီနှစ်မှာလည်း သူကပဲ ထပ်မံရရှိဖို့ ရေပန်းစားနေပါတယ်။