
မဲလ်ဘုန်း – သြစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် ဂျပန်တင်းနစ်မယ် အိုမီအိုဆာကာက ချက်တင်းနစ်မယ် ပီထရာကေဗီတိုဗာကို အနိုင်ရပြီး ဂရင်းဆလမ် နှစ်ကြိမ်ဆက်ဗိုလ်စွဲကာ ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ် ဖြစ်လာသည်။
အမေရိကန်အိုးပင်း ချန်ပီယံ အိုဆာကာ (၂၁) နှစ်သည် ကေဗီ တိုဗာကို ၇-၆ (၇-၂)၊ ၅-၇၊ ၆-၄ ရလဒ်ဖြင့် အနိုင်ရခဲ့သည်။









