ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြည်လည် ရွှေးချယ်ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း (ပါတီပြန်လည်ရွှေးချယ်ရေး အဖွဲ့နာယက)၊ နှင့် ဗဟိုအလုပ်အမှုဆောင် ဦးခငိရီ တို့မှ ယနေ့ (မေလ ၂၆ ရက်) နံနက် (၈) နာရီအချိန်က ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Sususandi Sandi
တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်း တိုင်း/ခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးဥာဏ်ဝင်းသည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပါတီကော်မတီဝင်များ၊ ပြည်ခရိုင်ပါတီကော်မတီဝင်များနှင့် မေလ (၂၅) ရက် နံနက် (၉) နာရီအချိန်က ပြည်မြို့ရှိ တိုင်းဒေသကြီးပါတီရုံး၌ တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
U Myo Aung
ပြည်သူများ ဝမ်းရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်အတွက် ယင်နှိမ်နင်းရေးလုပ်ငန်းများကို ပြည်ခိုင်ဖြိုး ပါတီဆောင်ရွက်
မန္တလေးခရိုင်အတွင်းနေထိုင်သော ပြည်သူများအား ဝမ်းရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယင်နှိမ်နင်းရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ စီမံမှုဖြင့် တိုင်းဒေသကြီးပါတီကဦးဆောင်၍ မေလ (၂၅) ရက် နံနက် (၁ဝ) နာရီမှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် အမာခံပါတီကေဒါများရရှိရေး ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံပါတီကေဒါများ ရွေးချယ်ခြင်းကို မြောက်ပိုင်းရပ်ကွက် မေလ (၂၃) ရက်နေ့ကလည်းကောင်း၊ မေလ (၂၅) ရက်နေ့ကလည်းကောင်း အမာခံကေဒါများ ရွေးချယ်ပြီးစီးခဲ့ပြီး အမာခံပါတီကေဒါများ ကွင်းဆင်းရွေးချယ်စဉ်အတွင်း ဒေသလိုအပ်ချက်များကိုလည်း တတ်စွမ်းသရွေ့ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Khin Moe Moneik
ရေစကြိုပြည်ခိုင်ဖြိုး ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ ရွေးချယ်ဖွဲ့စည်း
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီအဖွဲ့အနေဖြင့်ရပ်/ ကျေးအုပ်စု (၈၉) အုပ်စုအား ရပ်/ ကျေးပါတီ အစည်းအဝေး နှင့် အမာခံကေဒါများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ကြီးကြပ်ရေး တာဝန်ခံအဖွဲ့ သုံးဖွဲ့ခွဲ၍ ပါတီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းလျက်ရှိသည်။
ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ၉၆ ခုအား မျက်နှာစုံညီအစည်းအဝေးနှင့် ပ၊ ဒု ခေါင်းဆောင် ကွင်းဆင်းရွေးချယ်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယခုလ ၂၂ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ ရပ်/ကျေး ၉၆ ခုသို့ ကော်မတီဝင်ကိုးဦးဖြင့် အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက် ရွေးချယ်ရာ ၂၇ အုပ်စုဖွဲ့စည်းမှုကို မေလ (၂၅) ရက် နံနက် ၁ဝ နာရီတွင် ကျောက်ဆည်မြို့နယ် တောင်နောက်အုပ်စု စည်းရုံးရေးမှူးနေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အမရပူရပြည်ခိုင်ဖြိုး ယင်အန္တရာယ် လျော့ပါးရေး ဆေးဖျန်းဆောင်ရွက်
အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုးဦးရာသီ၌ ယင်အန္တရာယ် လျော့ပါး ရေးအတွက် ဆေးဖျန်းခြင်းကို မေလ (၂၅) ရက် နေ့လည် (၂) နာရီအချိန်က နန်းရတနာဈေးတွင် ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသောင်းဝေ၊ ဒေါ်မြင့်မြင့်ဦး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုသင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးစိုးဦး၊ ဦးဇော်အောင်ထက်၊ ရပ်ကွက်ပါတီ ကော်မတီများ၊ အမာခံ လူငယ်များနှင့် ဈေးကော်မတီများ၊ ဈေးသူ/ဈေးသားများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး ပြည်ခိုင်ဖြိုးက ဆောင်ရွက်ပေး
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် ချမ်းမြသာစည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ မေလ (၂၅) ရက်က မြို့သစ်(၂) ရပ်ကွက်၊ မြနန္ဒာဈေးနှင့် အောင်ပင်လယ်ရပ်ကွက် အောင်သာယာဈေးတို့တွင် ယင်နှိမ်နင်းရေး ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Ko Htay
၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသိန်းစိန်ပြော
၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က မေလ ၂၄ ရက် နေ့လယ်က ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခင်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဟောင်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ယခင်ဝန်ကြီး (ငြိမ်း)၊ ဒုဝန်ကြီး (ငြိမ်း) များနှင့် တွေ့ဆုံ၍ လူမှု အကျိုးစီးပွား တိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်မှာကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ (ယခင်သမ္မတဟောင်း) ဦးသိန်းစိန်နှင့် ပြည်ထောင်စု ဝန်ကြီး (ငြိမ်း)၊ ဒုတိယဝန်ကြီး (ငြိမ်း) များနှင့် တွေ့ဆုံကာ လူမှုအကျိုးစီးပွားတိုးတက်ရေးများကို ဝိုင်ဝန်းလုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအုန်းမြင့်က ဆင်ဟွာသို့ ပြောကြားသည်။
“အရင် တာဝန်ထမ်းခဲ့တဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာ သိပညာအတတ်ပညာပိုင်းနဲ့ အတွေ့အကြုံပိုင်း အခြေခံပြီး မိမိတို့ တတ်စွမ်းသမျှ နိုင်ငံရေးအပြင်ကနေ ဝိုင်းလုပ်ဖို့ ဒီနေ့တွေ့ပြီး ဆွေးနွေးဖြစ်တယ် ” ဟု ၎င်းကဆိုသည်။