ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၇)ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၇)ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းအား ဒီမိုကရေစီ ဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ Aam Aadmi ပါတီမှပါတီ ပြောရေးဆိုခွင့် ရှိသူ Mr.Raghav Chadha နှင့် ဒိန်းမတ်နိုင်ငံ Alternative ပါတီမှ ပါတီခေါင်း ဆောင်တစ်ဦးဖြစ်သူ Mr. Tom Richter တို့မှ နေပြည်တော် ပြည်ခိုင်ဖြိုး ပါတီဌာနချုပ် ဧည့်ခန်းမတွင် မေလ (၂) ရက် နံနက် ၉ နာရီခွဲ၌ လာရောက်တွေ့ဆုံခဲ့သည်။
3.5.2017 ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် မြို့နယ်ပါတီရုံး တွင်ကျင်းပပြုလုပ်သော ပါတီလစဉ်ပုံမှန် အစည်းဝေးသို့ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းတင့် အပါအဝင် မြို့နယ် ရပ်ကျေး ပါတီကော်မတီဝင်များ ရပ်ကွက်ကျေးရွာ ပ ဒု ခေါင်းဆောင်များသတင်းမီဒီယာ ရပ်ကျေးခေါင်းဆောင်များ စုစုပေါင်း အင်အား ၅၀ ခန့်တက်ရောက်ပြီး ဆွေးနွေးခဲကကြကြောင်း သတင်း ရရှိပါ သည်။
မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ရေးမြို့နယ် ပါတီရုံးအစည်းဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးကျော်သူရနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းဝေးတွင် မြို့နယ် ပါတီဥက္ကဌမှ ပါတီဝင်စိစစ်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရန်နှင့် ပါတီဝင်များ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းဒေသ မျက်တိုကျေးရွာအုပ်စု မဲဇလီကုန်းကျေးရွာ နေဝန်းသစ်လူငယ်ပရဟိတမှ ဦးဆောင်ဖွင့်လှစ်သည့် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ တစ်လသင်တန်း ဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် ထူးချွန်ဆုပေးပွဲတွင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေးခဲ့ပြီး သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ) ရရှိသော ထူးချွန် ကျောင်းသား (၃) ဦးအား ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးမှ စက်ဘီး (၃)စီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင် ပါတီဥက္ကဌ ဦးဘိုစံ နှင့် မြို့နယ်ကော်မတီဝင် များဖြစ်ကြသည့် ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်၊ ဦးထက်အောင် တို့သည် (၃၀-၄-၂၀၁၇) ရက်နေ့ နံနက် (၈) နာရီအချိန်က မိုင်းဟဲ (အောက်) အုပ်စု၊ ကျောက်လှိုင်ဂူ (အောက်) ရွာသို့ သွားရောက်၍ ကျေးရွာပါတီခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့သည်။
၂ – ၅ -၂၀၁၇ ရက်နေ့တွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီက ကျင်းပ ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်းကို ဖွင့်လှစ် ခဲ့ရာ တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ ပြီး သင်တန်းနည်းပြ ရေတာရှည်မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက သင်တန်းတွင်ပို့ချဆွေးနွေးမည့်အကြောင်းအရာများ ရှင်းလင်းပြောကြား ခြင်း ၊ တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုးက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်အနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂-၅-၂၀၁၇)ရက်နေ့၊ နံနက်(၈)နာရီမှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်တီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ နှင့် ခရိုင်ကော်မတီဝင်များ၊ မြိ့နယ်ဥက္ကဋ္ဌ နှင့် မြို့နယ် ကော်မတီဝင်များ၊ ပါတီအမျိုးသမီးအဖွဲ့၊ ပါတီလူငယ်အင်အား(၃၀)ဦးနှင့်အတူ မြို့ပေါ်ရပ်ကွက်မှ ဘိုး/ဘွား(၁၀)ဦး၊ မိုင်းဖုန်း(က)နှင့်တာလေမြို့နယ်မှ ဘိုးဘွား(၂)ဦး၊ စုစုပေါင်း(၁၂)ဦးအား တစ်ဦးလျှင် ငွေသား(၁၀၀၀၀)ကျပ်နှင့် တစ်ဦးလျှင် ကျပ်(၃၅၀၀၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆေး၊ အိပ်ယာခင်း၊ ဖျာ၊ မုန့်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရေဘူး၊ မျက်နှာသုတ်ပုဝါ၊ အားဆေး၊ ရှုဆေး၊ ဘိနပ်တို့နှင့်အတူ အိမ်တိုင်ရာရောက် ကန်တော့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အောင်မြေသာစံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေဒါးဆရာတော် ဘုရားကြီး ဘဒ္ဒန္တကလျာဏ သက်တော်(၁၀၀)၊ ဝါတော်(၈၀)၏ ဈာပနနေ့တွင်
ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းတိုက်ရှိ သံဃာတော်အပါး (၂၀၀) ကျော်အား အာရုဏ်ဆွမ်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါ သည်။
credit :Zaw Aung Htet
ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်း (၂/ ၂ဝ၁၇) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခရိုင် အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း တို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး မြို့နယ်ပါတီ နာယကကြီးနှင့် သင်တန်းမှူးတို့ ကလည်း အမှာစကားများအသီး သီးပြောကြားခဲ့ရာ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။