သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်အစည်းဝေးကို ၁၅.၉.၂၀၁၇ ရက်နေ့တွင်ကျင်းပရာ မြို့နယ်ဥက္ကဌဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ခရိုင်ပါတီ ကော်မတီ ဦးအုန်းမောင်နှင့် ပြည်နယ်ပါတီ ဦးစိုင်းစိန်လင်းတို့ တက်ရောက်ကြပါသည်။
သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်အစည်းဝေးကို ၁၅.၉.၂၀၁၇ ရက်နေ့တွင်ကျင်းပရာ မြို့နယ်ဥက္ကဌဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ခရိုင်ပါတီ ကော်မတီ ဦးအုန်းမောင်နှင့် ပြည်နယ်ပါတီ ဦးစိုင်းစိန်လင်းတို့ တက်ရောက်ကြပါသည်။
ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား နေပြည်တော်ရှိ ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပရာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး “မိမိတို့ ပါတီဝင်များ အနေဖြင့် ပါတီဆောင်ပုဒ်များနဲ့အညီ ကြိုးစားနေထိုင်ကြရန်၊ ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးယှဉ်လာပါက တိုင်းပြည်အကျိုးကိုပိုမိုအလေးထားကြရန်”လမ်းညွှန်မှာကြားခဲ့ပါသည်။
၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားအား နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်ခန်းမ၌ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနား၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စာတမ်းကို ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက ဖတ်ကြားခဲ့ ပါသည်။ အဆိုပါစာတမ်းအပြည့်အစုံကို ဖော်ပြအပ်ပါသည်။
(၂၄) နှစ်မြောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအား ထောက်ခံဂုဏ်ပြုသောအားဖြင့် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊အတွင်းရေးမှူးဦးမောင်ငယ်နှင့် မြို့နယ် ကော်မတီဝင် များသည် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု ကင်းချောင်းကျေးရွာတွင် နေအိမ် များ ရေနှစ်မြုပ်နေသော လီဆူတိုင်းရင်းသား အိမ်ခြေ (၂၈) အိမ်တို့အား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
( ၁၄ ~ ၈ ~ ၂၀၁၇ )နေ့မှစတင်ပြုလုပ်ကျင်းပသော မူဆယ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ – ဥက္ကဌ ဖလား အမှတ်ပေး ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အား ( ၁၄ ~ ၉ ~၂၀၁၇ )နေ့ နေ့လည် (၃) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြရာ ပထမဆုအား မန်ကျယ်အသင်း မှ ရရှိခဲ့ကာ ဒုတိယဆုကို မုံးကိုးအသင်း မှရရှိခဲ့သလို တတိယဆုကိုတော့ ခါဆန်အသင်းတို့မှအသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည့် ဗဟိုအတွင်းရေးမှူးခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ရန်ကုန်)တွင်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။အဆိုပါ ချစ်ကြည်ရေးခရီးကို ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းခေါင်းဆောင်၍ ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးမှ ပါတီ ဝင် စုစုပေါင်း ၂၁ ဦးလိုက်ပါမည် ဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(ခ)အုပ်စု၊စွတ်ဆိုင်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် လွယ်ယွန်းခမ်းစေတီတော်ကြီးအားမိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရဘုရား ဦးဆောင်၍ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိရာ (၁၆-၉-၂၀၁၇ ) ရက်နေ့တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်း ၀င်းအောင်နှင့်မြို့နယ်အဆင်ဌာနဆိုင်ရာများ၊တပ်မတော်သားများ၊လူမှုရေးအသင်းအဖွဲ့များနှင့်အတူစုပေါင်းလုပ်အားဒါနပြုလုပ်ကြရာတာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ဥက္ကဌနှင့်မြို့နယ်ကော်မတီဝင်များ၊လူငယ်အဖွဲ့ဝင်များလိုက်ပါ၍စေတီတော်တည်ဆောက်ရေးလုပ်ငန်းများတွင်တက်ကြွစွာပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည် ။
ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ
မန္တလေးခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးသော ပါတီဝင်အမျိုးသမီးများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ပြည်တွင်းထွက် ကောက်ပဲသီးနှံများဖြစ်သည့် ဆန်၊ပဲ၊ပြောင်း၊ဂျုံများအား အခြေ ခံ၍ တန်ဖိုးမြင့် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ (ဆင့်ပွား) သင်တန်းဆင်းပွဲအား (၁၅.၉.၂၀၁၇)ရက်နေ့ (၁၅း၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်လှလှအေး (အမျိုးသမီးကဏ္ဍတာဝန်ခံ)၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်( အမျိုးသမီးကဏ္ဍတာဝန်ခံ)၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သင်တန်းသူပါတီဝင်အမျိုး သမီးများ တက်ရောက်ခဲ့ကြပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကဦးဆောင်စီစဉ်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသူ/သားများအဟာရတိုက်ကျွေးခြင်းကိုမြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ဘဏ္ဍာရေးမှူး ဒေါ်နီလာမြင့်နှင့် ကော်မတီဝင်များ ၊ရပ်ကွက် ကျေးရွာအုပ်စု ပါတီစည်း/မှုးများနှင့်ပါတီဝင်များက ၂၀၁၇ စက်တင်ဘာလ(၁၇)ရက်နေ့လည်ပိုင်းတွင် မဇော- ပြင်ကြီးကျေးရွာ သာသနာ့အလင်းရောင် ကျောင်းတိုက်သို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း တို့ကိုဆောင်ရွက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် မောင်တောမြို့နယ်၌ ဘင်္ဂလီအကြမ်းဖက်မှုကြောင့် စစ်တွေ မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ရခိုင် တိုင်းရင်းသားများအား ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စစ်တွေ မြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ထွက်ပြေးတိမ်းရှောင် လာကြသော ကျောင်းသား/သူ (၅၁) ဦးအား ပညာ သင်ကြားလျက်ရှိရာ အဆိုပါကျောင်းသား/သူများအား အားလူး၊ကြက်သွန် များ သွားရောက်လျက် လှူဒါန်းခဲ့ကြပါသည်။